My Sweetheart[BBD_fic1]

723 22 2
                                    

Annyongsayo^^

Baek မွေးနေ့အတွက် fic 12 ပုဒ်ရေးဖို့ အတွက် လုပ်ထားတာပါ၊

ဒီ fic လေးကတော့ Kai နဲ့ Na Yukiပါ၊

Na Yuki ဆိုတာ PhooLaesst ဆိုတဲ့ chingu လေး ရဲ့ ဒီ ဇာတ်လမ်းထဲ မှာ သုံး မယ့် နာမည်လေး ပေါ့နော်၊

BBD Fic_1 ပါ၊

Gamsamitha^^

My Sweetheart

~~~~~~~~~~~~

တစ်လောကလုံး ကို အမှောင်ထုကြီးက လွှမ်းခြုံစိုးမိုးနေတယ်၊

ညသန်းခေါင်ယံ ကို အချိန်ကကျော် ဖြတ်နေပါပြီ၊

ခွေးတွေကလည်း ကြောက်ဖို့ကောင်းလောက် အောင် အဆက်မပြတ် အူနေကြတယ်၊

အဲ့ဒီအချိန် အမှောင်ထုထဲမှာ လင်းနေတဲ့ တစ်စုံ တစ်ရာကို ဖြတ်ခနဲ မြင်လိုက်ရတယ်၊

မျက်ဝန်းတစ်စုံလိုပဲ၊ မဟုတ်ဘူး၊

မျက်ဝန်းတွေ အများကြီးလား။

ကျွန်မ Na Yuki.... ရဲ့ စိတ်ကို ထိတ်လန့်မှုတွေ ကြီးစိုးနေခဲ့ပါတယ်၊

ကျွန်မ က သုတေသန ပညာရှင်တစ်ယောက်ပါ၊

အဲ့တာကြောင့် သုတေသနလုပ်ဖို့ အဆင်ပြေမယ့် အိမ် ကို ပြောင်းလာခဲ့တာ လေယာဉ်က ၁၀နာရီ ဆိုက်တယ်လေ၊

Seoul မြို့ကနေ တစ်ခြား တစ်မြို့ ကို ကူးရတာဆိုတော့ အရမ်းဝေးဆာကြောင့် ၁၂ကျော် လောက်မှ ပြန်ရောက်တယ်

တော်တော် လည်း ချောင်ကျတဲ့နေရာမို့ လေဆိပ်နဲ့ လည်း တော်တော်ဝေးတယ်လေ၊

ကျွန်မ အိမ်ရှေ့ကိုရောက်ခဲ့ပါပြီ၊

ခွေးအူသံတွေက လည်း အဆက်မပြတ်ကြားနေရတယ်လေ

ကြောက်ကြောက်နဲ့ တံခါးဖွင့်ပြီး အိမ်ထဲမြန်မြန် ဝင်ခဲ့ပါတယ်၊

အရင်ကတည်းက လူလွှတ်ပြီး စနစ်တကျ လုပ်ခိုင်းထားတာမို့ ကျွန်မ ဘာမှ လုပ်စရာမလိုဘူးလေ၊

ကျွန်မလည်း အိပ်ယာပေါ်မြန်မြန် တက်ပြီး မှေးလိုက်တာ... ခရီးပန်းတာကြောင့် ချက်ချင်း အိပ်ပျော်သွားတယ်၊

ကျွန်မနေရာ တစ်ခုကိုရောက်နေတာလား?

အင်းဟုတ်တယ်၊ ပန်းခြံတစ်ခုထဲပဲ၊

Happy Baekhyun Day OneShot CollectionOnde histórias criam vida. Descubra agora