🕊️မောင်မုန်းမယ်ဆို…🕊️
"မောင်……မောင်လားဟင်"
Buildအသံက အနည်းငယ်တုန်နေခဲ့သည်။
"ဟုတ်တယ်"
"မောင်ပြန်လာတယ်"
Build ပျော်သွားကာတံခါးဖွင့်လိုက်ဖို့ပြင်ပြီးမှအပြေးအလွှားစဉ်းစားမိသည်။
ခြံတံခါးကိုသေချာသော့ခတ်ထားတာဖြစ်သည်။
အိမ်တံခါးလဲသေချာပေါက်သော့ခတ်ထားတာပါ။
မောင်ဘယ်လိုဝင်လာတာလဲ။"Build ခင်ဗျားဘာလုပ်နေတာလဲတံခါးဖွင့်လေ"
"ဟင် … အင်း ဖွင့်ပြီမောင်"
Build ကမန်းကတန်းတံခါးဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ပြီးပြီးချင်းမောင့်စီကအနံ့ဆိုးဟာ နှာခေါင်းဝသို့တိုးဝင်လာသည်။
စူးရှနံထောင်းနေသောအနံ့တစ်မျိုးဖြစ်သည်။မောင့်ကိုမြင်ရတာလဲလုံးဝတစ်ခြားသူတစ်ယောက်ကိုမြင်နေရသလိုပင်။
ပြန်မလာတဲ့တစ်ပတ်အတွင်းမောင်တော်တော်လေးပိန်ကျသွားသည်။
ဟောက်နေသည့်မျက်တွင်းတွေနဲ့ဖြူဖျော့နေသည့်နှုတ်ခမ်းတွေကမောင်နေမကောင်းတာကိုဖော်ပြနေသည်။
မောင့်အဝတ်တွေကလဲ နောက်ဆုံးတွေ့တဲ့နေ့ကအဝတ်အစားအတိုင်းဖြစ်သည်။
ဖုန်တွေသဲတွေအလိမ်းလိမ်းကပ်နေသေးသည်။။"မောင် … မောင်တစ်ခုခုထိခိုက်ထားလား
ဘာဖြစ်လာတာလဲဟင်
ဘယ်တွေသွားပြီးဘာတွေလုပ်လာလို့မောင်အခုလိုတွေဖြစ်လာရတာလဲ"Buildစိုးရိမ်တကြီး မောင့်တစ်ကိုယ်လုံးကိုလိုက်ကြည့်ရင်း ဒဏ်ရာများရှိနေမလားရှာမိသည်။
"ခင်ဗျားကြောင့် မကောင်းတဲ့လူ
ခင်ဗျားကြောင့် ကျနော်သေလောက်အောင်ခံစားရတယ် ခင်ဗျားသိလား""တိုးတိုးပြောပါမောင်ရယ် ဒယ်ဒီကြားသွားပါ့မယ်"
မောင့်ကိုအခန်းထဲခေါ်ကာတံခါးဆွဲပိတ်လိုက်သည်။
"မောင် အဝတ်စားအရင်လဲလိုက်နော်"
"မလိုဘူး"
မောင်ကမလိုဘူးပြောနေပေမဲ့ မောင့်အဝတ်ဘီဒိုထဲကအကျီ င်္နဲ့ဘောင်းဘီဆွဲထုတ်လိုက်သည်။