AN:// ဇာတ်လမ်းလေးမစခင် ဒီဇာတ်လမ်းလေးက ဆရာNayvel ရဲ့ Petrichor ဆိုတဲ့စာအုပ်လေးဖတ်ပြီး ပြန်လည်ပုံဖော်ချင်စိတ်ပေါ်သွားခဲ့လိုပါ.... ဇာတ်လမ်းကျောရိုးတူနေပါလိမ့်မယ်...
သို့သော် ထုံးစံအတိုင်း ဇာတ်သိမ်းကတော့တူမှာမဟုတ်ပါဘူး... အရေးအသားလည်းတူမှာမဟုတ်ပါဘူးနော်... ဇာတ်အိမ်ကတော့တူနေမှာပါ... မူရင်းရေးသားသူရဲ့စာကို မပျက်စီးလိုတဲ့အတွက် ဇာတ်အိမ်ကိုပဲ အခြေခံမှာပါ.... ဒါ့ကြောင့်မို့ မဖတ်ချင်သူများ ကျော်သွားလိုက်ပါနော်....
ကျေးဇူးပါ...----------------
အပိုင်းငယ် ၁
ပထမနှစ် ကျောင်းသားလေး ကျနော်က ကျောင်းရှေ့မှာအကိုရောက်နေတယ်ဆိုတဲ့ စာလေးတစ်စောင်တွေ့ယုံနဲ့ စာသင်ခန်းမှခိုးထွက်ကာ ကျောင်းရှေ့သို့ပြေးလာခဲ့သည်။
"အကို!!"
ကျောပိုးအိတ်ကို တစ်ဖက်ကလွယ်ကာ ကျနော်ရဲ့မျက်နှာချင်းဆိုင်တွင် လျှောက်လာပါသော အကို....
အကို့ကိုတွေ့ရုံနဲ့ ကျနော် အော်ခေါ်ကာ အကို့ရင်ခွင်ထဲပြေးဝင်မိတယ်..."ပြေးလာပြန်ပြီလား ကလေးရယ်...ကလေးတစ်ခုခုဖြစ်ရင် အကိုပဲရင်ကျိုးမှာသိရဲ့လား!!"
ရင်ခွင့်ထဲက ကျနော့်ကို ပြန်ဖက်ပေးရင်း အကိုကဆူနေပြန်တယ်။
"ကျနော့်က အကို့ကိုတွေ့ချင်လို့ဟာကို!!"
နှုတ်ခမ်းလေးဆူကာ ကျနော်ပြောမိတော့ အကိုက ထရယ်လေတယ်။
"ကင်ဆော့ဂျင်..ခင်ဗျားလေးက အကို့ကိုဆိုသိပ်ချွဲတာပဲ!!"
အကိုက ကျနော့်ခေါင်းလေးကိုဖွပေးရင်းပြောလာခဲ့သည်။
ဒါအကို ကျနော်ကို့ အသဲယားတိုင်းလုပ်နေကျပုံစံလေးပေါ့..."အကို ဗိုက်ဆာတယ်!!"
"လာ..လာ.. လိုက်ကျွေးမယ်..အစားပုတ် ကလေးလေးကို!!"
အကို့လက်မောင်းကို ကျနော်ဆွဲကိုင်ထားရင်း အကိုခေါ်လာတဲ့ ကန်တင်းကို ကျနော် လိုက်လာခဲ့တယ်။
အကိုက ဆေးကျောင်းသားလေး ကင်ထယ်ယောင်း... ကျနော်နဲ့အကိုနဲ့က ပန်းချီသင်ရာကနေ စုံမိခဲ့ကြတာ... အကိုက ကျနော့်ထက် ခြောက်နှစ်ကြီးတယ်... ပထမဆုံးအကြိမ် အကိုနဲ့ စတွေ့ခဲ့တာ ဆေးရုံပေါ်မှာ...
house ဆင်းကာစ အကိုနဲ့ ဆေးရုံရောက်လာတဲ့ကျနော်... ဆရာဝန်ကြီးကိုယ်တိုင်ဆေးထိုးပေးမှ ခံမယ်ဆိုပြီး ကျနော်ခေါင်းမာနေခဲ့လို့ အကိုတော်တော်စိတ်ရှုပ်ခဲ့ရဖူးတယ်...
YOU ARE READING
ဆုံမှတ် (oneshot)
Fanfictionစမှတ် မဟုတ်သလို...ဆုံးမှတ်လည်းမဟုတ်ခဲ့တဲ့ ....ဆုံမှတ်တစ်ခုသာ...