30-12-2020Budapest, Hungary => Beijing,China
ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ်မြို့မှသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့ဆီသို့ လေယာဉ်တစ်စီးသည် စတင်ပျံသန်းနေပေသည်။
ပျံသန်းရန် ကြာချိန် (12) နာရီနှင့် မိနစ် (30)
ဖြစ်သောကြောင့် စီးနင်းလိုက်ပါလာသော ခရီးသည်များမှာ သက်တော့သက်သာ ဖြစ်စေရန် ပြင်ဆင်နေကြလေသည်။ ရုပ်ရှင်ကြည့်ရန် ပြင်သူ၊ သီချင်းနားထောင်ရန် ပြင်သူနှင့် အိပ်စက် အနားယူရန် ပြင်သူ စသည်ဖြင့် လှုပ်လှုပ်ရွရွဖြစ်နေကြသည်။Economy Class ဖြစ်ပေမယ့် နှစ်သစ်ကူး ပဲွတော် ပိတ်ရက် ဖြစ်သည်ကြောင့် လူပြည့်နေခြင်းဖြစ်လေသည်။
အများနည်းတူ ေချာကလက်ေရာင် အသားအရည် ရိှပီး ေခါင်းတစ်ခုလံုး ဆံပင်ေကာက်ေကာက်ေလးများရိှေသာ ၇ နှစ်အရွယ် လူမည်းကေလးမေလး Mary မှာလည်း အြကံထုတ်ေနလေသည်။သူမ ြပတင်းေပါက်နားမှာ ထိုင်ချင်သည်။ တိမ်ေတွကို ြကည့်ပီး စီးချင်သည်။ အြပင်ဘက်မှာ တိမ်ပန်းေတွ အဆုပ်လိုက်ပွင့်ေနသည်။အခုေတာ့ သူမက တစ်ခံုေကျာ်မှာ။
သူမ ထိုင်ချင်ေသာ ထိုခံုတွင် လူြကီးတစ်ဦးရိှေနသည်။Beanie ေဆာင်းထားေသာ ထိုလူြကီးက ဆံပင်ေတွ တိုကပ်ေနပံုရသည်။ မျက်မှန် အနက်ကြီးလဲ တပ်ထားသေးသည်။ ခေါင်းမော့ပီး နောက်ဘက်ဆီ တင်ထားသောကြောင့် မေးရိုးကြီးကလဲ ထင်းနေကာ ထိုတစ်ဝိုက်တွင် အနည်းငယ် ရှည်ထွက်နေပီဖြစ်သော ပါးသိုင်းမွှေးငုတ်စိများကြောင့်လဲ လူဆိုးကြီးဖြစ်မည်ဟုထင်ကာ ခေါ်လဲ မခေါ်ရဲပေ။ ထိုလူကြီးမှာ ထိုင်နေသည်ဖြစ်သော်လည်း သူမမှာ ၇ နှစ်အရွယ် ကလေးလေးဖြစ်တာမို့ မျက်နှာကို သေချာမြင်ရရန် သူမ ထိုင်ခုံပေါ်သို့ ဒူးထောက်ကာ ထိုလူကြီး မျက်နှာဆီ တိုးကပ်၍ သေချာကြည့်မိသည်။ မှုတ်ဆိတ်မွှေးတွေရှိနေတဲ့ကြားမှာ နှုတ်ခမ်းအောက်ဘက်က မှဲ့နက်ကလေးကိုပါ သေချာမြင်နေရသည်။ အွန်း•••လူချောကြီး ဖြစ်ပါလိမ့်မည်။
ထိုလူကြီးမှာ သူမတို့ သားအမိသံုးေယာက် ေလယာဥ်ေပါ် တက်လာကတည်းက အိပ်လျက်သား ရိှေနတာဖြစ်သည်။ မေမေက မောင်ငယ်လေးနှင့် နောက်ခုံမှာ ထိုင်တာမို့ သူမ မေမေကိုလဲ ပူဆာလို့ မရပေ။ သို့သော်လည်း တိမ်ပန်းတွေကို ကြည့်ချင်သည်။သူမလေး သက်ပြင်းဖွဖွလေး ချမိပြန်သည်။ ထို့နောက် သတ္တိမွေးလိုက်ကာ ထိုလူကြီး လက်မောင်းကို ကိုင်လှုပ်လိုက်ပီး