🕊️မောင်မုန်းမယ်ဆို…🕊️
"မေးနေတယ်လေ Lilyဘယ်မှာလဲလို့"
"သူ့အိမ်ခဏပြန်သွားတယ်
မောင်က Lilyကြောင့်လာတာလား""ကျနော်အိမ်ကိုပြန်လာတာ Lilyကြောင့်ကလွဲလို့တခြားဘယ်သူ့ကြောင့်မှမဟုတ်ဘူး
ခင်ဗျားစီလာတယ်ထင်မနေနဲ့"ကိုယ်အိမ်ထဲကနေပြန်ထွက်လာခဲ့သည်။
"မောင်ဘယ်သွားမလို့လဲ"
"Lilyစီသွားမလို့"
"အချိန်တန်ရင်သူပြန်လာမှာပါမောင်အဲ့လောက်ထိ Buildကိုရက်စက်ဖို့လိုလို့လား
Buildကိုနာကျင်စေချင်တာနဲ့ Lilyကိုအသုံးမချပါနဲ့
Buildကိုမုန်းနေတယ်မို့လား မောင်ကြိုက်သလိုလုပ် မောင်ရိုက်ချင်လဲရိုက် သတ်ချင်လဲသတ်လိုက်""သတ်မှာ ကျနော်ခင်ဗျားကိုသတ်မှာ ခဏပဲစောင့်
ခင်ဗျားအကောင်ကိုသတ်ပြီး ခင်ဗျားခံစားရတာကိုထိုင်ကြည့်အုံးမှာ ပြီးရင်ခင်ဗျားအလှည့်
ကြိုပြောထားလိုက်မယ် ခင်ဗျားအကောင်ကိုသတ်မှာ
သူကိုပုန်းရှောင်ခိုင်းချင်ရင်လဲရတယ်နော် မတွေ့တွေ့အောင်ရှာပြီးသတ်မှာ"ဒေါသတကြီးပြောနေပုံကအခုချက်ချင်းလူသတ်တော့မည့်အတိုင်းပင်။
Fittကိုသတ်တာအကြောင်းမဟုတ်ဘဲ
သူ့ကိုသတ်လို့မောင် ဒုက္ခရောက်မှာကိုသာစိုးရိမ်သည်။ကားပေါ်တက်မည့်မောင့်ရှေ့ကနေBuildပိတ်ရပ်ထားလိုက်သည်။
"မသွားပါနဲ့နော်မောင် Build ရှင်းပြတာကိုနားထောင်ပေးပါ ပြီးရင်မောင်စိတ်ကြိုက်ဆုံးဖြတ်ပါနော်"
"ကျနော်အခုအရေးကြီးကိစ္စရှိနေတယ် ခင်ဗျားနဲ့ဒီထက်ပိုပြီးပြသနာမဖြစ်ချင်ဘူး ရှေ့ကဖယ်"
"မဖယ်ဘူးမောင် Buildရှင်းပြတာကိုနားထောင်ပေးမှ မောင့်ကိုသွားခွင့်ပြုနိုင်မယ်"
"တောက် ! ခင်ဗျား ခွင့်ပြုတာကိုစောင့်နေရအောင်
ကျနော်ကခင်ဗျားကြိုးဆွဲလို့ရတဲ့နွားမဟုတ်ဘူး
ဖယ်စမ်း……"ဘေးကိုတွန်းပစ်လိုက်ပြီး ကားပေါ်တက်ခဲ့သည်။
မာကျောလွန်းတဲ့ကိုယ့်နှလုံးသားကတော့သနားတဲ့စိတ်နည်းနည်းမှရှိမနေ။
သူ့ကိုဒီအတိုင်းပစ်ထားခဲ့ကာကားမောင်းထွက်လာခဲ့သည်။