Part 15

1.6K 129 24
                                    

🕊️မောင်မုန်းမယ်ဆို…🕊️

"P'Build အဝတ်စားတွေထည့်နေတာ ဘယ်သွားမလို့လဲ ခရီးသွားစရာရှိလို့လား"

"P'ဘယ်မှမသွားပါဘူး
မောင်က ချင်းရိုင်ကိုခဏပြန်မလို့လေ
အဲ့ဒါကြောင့်အဝတ်စားတွေထည့်ပေးနေတာ"

"အော် LiliyဘာကူပေးရမလဲP' "

"ရပါတယ် အားလုံးပြီးတော့မှာ"

"ဟုတ်"

"P'တစ်ခုလောက်မေးချင်တယ်Lily
အထင်လွဲစရာဖြစ်သွားမလားမသိပေမဲ့P'ကိုအထင်မလွဲဖို့တောင်းဆိုချင်တယ်"

"ဟုတ်ကဲ့ မေးပါP'Build
ဘာကိစ္စပဲဖြစ်ဖြစ် Lilyအထင်မလွဲပါဘူး"

"မောင်က Lilyအပေါ်ဘယ်လိုသဘောထားလဲဟင်
သူရိုးသားရဲ့လားဆိုတာ P'သိချင်တာကြောင့်ပါ"

"P'Buildအနေနဲ့ဒီလိုမေးစရာရှိလာမယ်ဆိုတာ
Lilyတွေးမိပါတယ် ကိုကြီးBibleက
Lilyကို သူ့ညီမလေးလိုပဲသဘောထားတာပါ
မလိမ်မာတာရှိရင်ဖြစ်ဖြစ် အမြင်မတော်တာရှိရင်ဖြစ်ဖြစ် အမြဲဆုံးမတယ် အမေ့ကိုလဲသူ့အမေလိုပဲသဘောထားတယ် Lilyအတွက် ကိုကြီးBibleက မိဘလိုပါပဲ"

"မောင်ကLilyကိုစိတ်ဝင်စားတယ်လို့ P'ကိုပြောဖူးတယ်"

"အဲ့လိုဖြစ်စရာအကြောင်းမရှိပါဘူးP'Build ကိုကြီးကအရမ်းဖြူစင်တဲ့လူပါ အဲ့ဒီလိုစိတ်ထားဖို့မပြောနဲ့
မရိုးမသားအကြည့်နဲ့တောင်မကြည့်ပါဘူး
P'ဘယ်လိုခံစားနေရလဲ Lilyနားလည်ပါတယ်
ကိုကြီးကိုအထင်မလွဲပါနဲ့နော်"

"အင်း ကျေးဇူးတင်ပါတယ်Lily
ရင်ထဲမှာမွန်းကျပ်နေတဲ့ခံစားချက်ကိုအဖြေထုတ်ပေးခဲ့လို့"

"အဲ့လိုမျိုးစိတ်ထပ်မထားပါနဲ့နော်P'Build
ကိုကြီးကိုယုံကြည်လိုက်ပါ"

"P'က မောင့်ကိုရော မောင့်နှလုံးသားကိုရောယုံချင်တာပါ ဒါပေမဲ့သူ့နှလုံးသားထဲမှာ P'အတွက်နေရာမရှိဘူး
ကျောက်ချထားတဲ့ နှလုံးသားတစ်ခုကိုဘယ်လိုဖွင့်ရပါ့မလဲ"

မောင့်နှလုံးသားမှာ Suuကသာနေရာယူထားသည်လေ။
မရှိတော့တာတောင် မောင်ကတော့ နေရာပေးထားဆဲ။

ဘယ်မှာလဲ Buildအတွက်နေရာလေးတစ်ခု။
မောင့်နှလုံးသားထဲကိုရောက်နိုင်မဲ့လမ်းရှိရင်
ဘယ်လောက်ပဲဝေးလွန်းပါစေ Buildရောက်အောင်သွားပစ်လိုက်ချင်မိသည်။ ။

🕊️မောင်မုန်းမယ်ဆို...🕊️မောင်မုန်းမယ်ဆို...🕊️Where stories live. Discover now