တွေ့ဆုံခဲ့ကြသည်

1.3K 46 6
                                    

OC x fanfic

"ပိတောက်တစ်ခက်
မောင့်ချစ်သက်ရယ်
ရက်စက်ပါနဲ့
အများကဲ့ရဲ့
ဖြစ်ခဲ့သော်ငြား
သူတို့ခြားနား
မောင့်နား ထံဝယ်
ချစ်သက်လယ်သာ
ရှိမယ်နိုးနိုး ရည်မျှော်ထားသည် ။"

________________📖

၅နှစ်ကျော်ဝေးကွာခဲ့ရတဲ့
အမိမြေကို အခြေပြန်ချတော့
ကျွန်တော့်ရဲ့မွေးရပ်မြေဖြစ်တဲ့
မန္တလေးမြို့ကြီးဆီ ပြန်လာခဲ့သည်။
ဒီသ‌ပြေပင် လမ်းလေးက
ကျွန်တော်အထက်တန်း
ကျောင်းသားဘဝတုန်းက
ဆိုင်ကယ်ခေါက်တုံ့ခေါက်ပြန်စီးခဲ့ရတဲ့
လမ်းလေးပေါ့...
အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်ကြီးက အရင်ကလို
အရှိန်အဝါတစ်ခုဖြင့် မိန့်မိန့်ကြီး
ဆီးကြိုနေပေသည်။

ကျောင်းရှေ့က
ပုဏ္ဏရိပ်ပင် စက္ကူပန်းပင်တချို့နှင့် ဗံဒါပင်တို့ကတော့အစီအရီပေါက်ရောက်နေဆဲပင်။ ကျောင်းရဲ့ခပ်လှမ်းလှမ်းမှ ခရေပင်အိုကြီးရှေ့ရှိ ခွေးခြေခုံပုပုလေးတွေနဲ့လက်ဖက်ရည်ဆိုင်လေးကတော့ အရင်ကလိုရှိမနေတော့ပေ။
အခုတော့ စားသောက်ဆိုင်အကြီးကြီးဖြစ်လို့နေပြီ။ နွေကျောင်းပိတ်ရက်မို့ထင်တယ် လူရှင်းပြီးတိတ်ဆိတ်နေသည်။အသက်ခပ်လတ်လတ် လူကြီး သုံးယောက်ဝိုင်း တစ်ခုသာတွေ့ရသည်။ စားသောက်ဆိုင်မှာ သန့်ရှင်းသပ်ရပ်နေပြီး အတွင်းဒီဇိုင်းက ရိုးရိုးရှင်းရှင်းနဲ့ အစိမ်း‌ရောင်ကြွေပန်းအိုးကြီးများဖြင့်အလှဆင်ထားသည်။ နံရံထက်၌လည်း ပန်းချီကားချပ်တို့ချိတ်ဆွဲထားပြီး အထက်တန်းကျကျခံ့ညားထည်ဝါလို့နေသည်။
ထိုစားသောက်ဆိုင်အတွင်း ဆိုင်ရဲ့ထောင့်ဘက်ဝိုင်း၌ဝင်ထိုင်လိုက်ပြီး အနားရောက်လာသော waiter လေးထံ လက်ဖက်ရည်ကျဆိမ့်တစ်ခွက်မှာလိုက်သည် ။
မှန်တံခါးပွင့်သံကြားတော့ တစ်ချက်ကြည့်လိုက်စဉ်
"ဟင်..ဆရာ!!"
ရှပ်အင်္ကျီကော်လံတောင့်တောင့်လေးက ဟိုးအရင်ကလို လည်တိုင်လေးထက်
သေ သေသပ်သပ် နေရာယူလျက် ..ဝါဖန့်ဖန့်အင်္ကျီလက်တိုလေးကို ဝတ်ဆင်ထားတာမို့ လက်ဖျံမှသွေးကြောစိမ်းစိမ်းတို့က အဝေးမှမြင်ရတာတောင်အထင်းသားပင် ..ကာကီရောင်ဘောင်းဘီအညိုပွပွလေးနှင့်တွဲဖက်ဝတ်ဆင်ထားသည့်ဆရာက ကျွန်တော့်ထက်9နှစ်ကြီးသူမို့ အခုဆို အသက်31နှစ်လောက်ရှိရောပေါ့။ ဒါပေမဲ့5နှစ်ဆိုတဲ့ကာလအတွင်း
ကျွန်တော် သိပ်ချစ်ခဲ့ရသော
ကျွန်တော့်ရဲ့အချစ်ဦး ဆရာလေးကဘာမှမပြောင်းလဲဘဲအရင်လိုနုပျိုနေဆဲပင် အင်း...ချစ်ဖို့ကောင်းနေတုန်းပဲ
ဆရာက ကျွန်တော့်ကို မြင်ပြီးအံ့ဩသွားသည့်ဟန် .. မျက်ဝန်းညိုတို့မှာ အရောင်
တလက်လက်။ကိုယ်ကထားရစ်ခဲ့သူ ကိုယ်ကပဲတပည့်မို့ သွားနှုတ်ဆက်ဦးမှပါလေ

"နန်းမြေကချစ်ဦးပုံပြင်"Where stories live. Discover now