တံခါးဝရှေ့ပိတ်ရပ်နေသူက ညီမဖြစ်သူ ကုတင်ပေါ်ခပ်တည်တည်ခြေချိတ်သွားထိုင်နေလေ၏
သူမအစ်ကိုကို သူကိုယ်တိုင်ပင် နားမလည်တော့ ကိုကိုမဟုတ်မှလွဲရော 'အို....မဖြစ်နိုင်တာ သူအောက်မှာစောင့်ရ ပျင်းလို့နေမှာပါလေ'ခေါင်းကို ရမ်းပြီး တစ်ဖက် အခန်းထဲဝင်သွား၏
ကိုယ့်ကိုယ်ကိုတောင်နားမလည်မိတော့ စိတ်ထဲရှိရာပြောပြီး ဘယ်လိုတွေဖြစ်ပျက်သွားမှန်းကို ကုတင်မှာ ထိုင်ပြီးမှသေချာ ပြန်သုံးသပ်နေရ၏ စိတ်အစုံဟာ သူကလေးဘေးနားကပ်နေချင်တယ် သူကလေးကို တခြားသူနှင့်ပင်နီးနီးကပ်ကပ် မနေစေလို ဘာတွေဖြစ်မှန်းမသိတဲ့ ရုတ်ချည်း ထွက်သွားမိသည့် ဒေါသနှင့်စိုးရိမ်မှု ရုတ်ချည်းရောယှက် သွားသည့် ခေတ္တခဏ
သူကလေးကတော့ ဘာမှမသိဘဲ တခြားယောက်ျားသားရဲ့ မျက်နှာပေါ် လက်ကလေးနှင့်တို့ထိနေသည်ကို မြင်မိတော့လဲ နေမထိထိုင်မသာ သူတောင် မထိတွေ့ဖူးသည့် လက်ဖျားလေးကို တစ်ပါးသူက ထိတွေ့ခွင့်ရနေတော့ ပိုသည်ဆိုဆို ဒီလိုဖြစ်ပျက်မှုတွေက ရင်ခုန်မှုလှိုင်းက တုံ့ပြန်တဲ့ ခံစားမှုတွေ
(ဖြစ်တတ်ကြမှာပါ ကိုယ့်ချစ်သူမှာ အရင်က ex ရှိနေရင်တောင် တွေးတွေးသဝန်တိုတတ်ကြတယ်မလား ငါနဲ့သာ အရင်တွေ့မိရင် သူနဲ့ ဘယ်တွေလျှောက်သွားကြလဲ အဲ့လိုတွေးပြီး မနာလိုသလိုပေါ့😁 ကိုယ့်crushကို တခြားသူက မသိမသာ ထိမိရင်တောင် မနာလိုဖြစ်ကြတယ်မလား😁ဒါတွေက နှလုံးခုန်နှုန်းရဲ့ဘေးထွက်ဆိုးကျိုးလေးတွေပေါ့ဗျာ)
"ကျွန်တော် ကျွန်တော့်ကိုလဲ ပြင်ပေးပါ"
တစ်ဖက်သူမျက်နှာပေါ် လက်လှုပ်ရှားမှုလေးတွေ ဆိုင်းငံ့ပြီး အံ့သြစွာ မမှိတ်မသုန်ကြည့်နေသော ကိုယ့်ရဲ့အလှလေး
ထိုသူက ဘာတွေများ ဖြစ်နေပါလိမ့် ကုတင်ပေါ်ခြေချိတ်လာထိုင်ပြီး တစိမ့်စိမ့်လာကြည့်နေတော့ ညှိုးတောင် အယောင်ယောင်အမှားမှား မိတ်ကပ်တွေ ပိုထည့်မိလို့ထည့်မိ မျက်လုံးရှေ့က ပစ္စည်းတွေကရှာမရဖြစ်လို့ဖြစ်နဲ့ ရှင်ရယ် အဝေးလေးမှာနေပါ ဒီကသူက ရင်ခုန်ရလွန်းလို့ ခိုးခိုးသက်ပြင်းချမိသည်က အကြိမ်ကြိမ်
VOCÊ ESTÁ LENDO
"ညှိုး"(BL) Complete
Conto"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...