Part 6 အထင်လွဲမှားခြင်း

5.7K 519 19
                                    

ည ၂နာရီချိန်တွင် မင်းနော်တစ်ယောက်အခန်းထဲ၌ ဟိုဘက်သည်ဘက်လမ်းလျှောက်နေ
သည်။

" ဘာတွေအရေးကြီးလို့ ငါ့ကိုဖုန်းမဆက်နိုင်
ရတာလဲ ကျစ်"

" ပူ "

ကုတင်ပေါ်က ခြေကားယားလက်ကားယား
အိပ်နေသည့်ကွာကွာက လေလည်ကာတစ်ဖက်
စောင်းအိပ်သွားသည်။

" တော်ပြီ အိပ်တာဘဲကောင်းတယ် "

မင်းနော်လဲ ကုတင်ပေါ်တက်ကာ မျက်စိမှိတ်
ထားလိုက်သည်။

" ဖက် ထတော့ ဖီဖီ"

မင်းနော်အိပ်ပျော်ကုံရှိသေးချိန်မျက်နှာကိုလာ
ရိုက်သည့်လက်ဝါးသေးသေးလေးကြောင့်
နိုးလာသည်။

" ဖီဖီ ဖုန်းကြည့်ရာများရို့ မျက်ရုံးမဲနေတာလား"

"ဟင် မဟုတ်ပါဘူး ညကဖေဖေအိပ်မပျော်လို့"

သားဖနှစ်ယောက် မျက်နှာသစ်မနက်စာစားကာ
ကုမ္ပဏီသို့ထွက်လာကြသည်။ မူကြို ကားက
ကုမ္ပဏီရှေ့ထိလာကြိုတာကြောင့် ကျောင်းကား
အလာကိုစောင့်ပြီးမှ မင်းနော်လဲ အပေါ်တင်ခဲ့
သည်။ အခန်းရှေ့က အတွင်းရေးမှူးအား...

" ဒီနေ့ Boss မလာဘူးလား ကိုမြတ်သောလူ"

" ဟုတ်တယ် ညီလေးဒီနေ့ Bossမလာဘူး"

" အော် "

မင်းနော်လဲထပ်မမေးတော့ဘဲ အလုပ်စားပွဲ
တွင်ဝင်ထိုင်ကာ အလုပ်ဆက်လုပ်နေလိုက်
သည်။

* ဖုန်းဆက်ကြည့်လိုက်ရမလား နေမကောင်း
လို့များလား *

အတွေးထက်လက်ကအရင်မြန်စွာဖုန်းခေါ်ပြီး
နေပြီဖြစ်သည်။

📱ဟယ်လို📱

မင်းနော်တစ်ယောက်တစ်ဖက်ကအမျိုးသမီး
တစ်ဦးအသံကြောင့်မျက်မှောင်ကျုံသွားသည်။

📱ဒါ ဧဝရတ်မင်းမောင်ဖုန်းမဟုတ်ဘူးလား📱

📱ဟုတ်ပါတယ် တို့ကဧဝရတ်နဲ့မကြာခင်
သက်ဆိုင်မယ့်လူမင်းကဘယ်သူလဲ📱

📱ကျတော်သူ့PAပါ 📱

📱P.A? 📱

သူမကဖုန်းမှာမှတ်ထားသည့် ပူတူးဆိုသည့်
နာမည်ကြည်ကြာနှုတ်ခမ်းတွန့်ပြုံးလိုက်သည်။

ပြန်ရှင်သန်ပြီးနောက် ကလေးတစ်ယောက်အဖေဖြစ်လာတယ် Where stories live. Discover now