အပိုင်း ၄(uni/zaw)

27 3 0
                                    

ကုန်လွန်သွားတဲ့အချိန်တွေမှာ နူးယံ ကိုကို့အားသံသယစိတ်တွေဝင်လာတယ်
ဘာကြောင့်ဆို ကိုကိုဟာကျွန်တော့်အပေါ်လိမ်ထားတယ်လို့ စိတ်ကထင်နေမိတယ် ။ ကျွန်တော့်စိတ်ကအဲ့လိုအတွေးဝင်ပြီဆိုမှန်တတ်တယ် ။

ဘာကြောင့်ဆို အဲ့တုန်းက ဖုန်းတွေသိပ်မပေါ်သေးတော့ ဇာတ်ကားဘယ်လိုရှာကြည့်ရမယ်ဆိုတာ မလည်ဝယ်သေးချိန်ပေါ့ ၊ ဖြစ်ချင်တော့ အဝေးသင်ကျောင်းသားတွေ‌ရဲ့ကျောင်းတက်ချိန် ၊ ညဘက်မှာပေါ့ အမေနဲ့ကျွန်တော် အခွေသွားဝယ်ကြတယ် ။

အဲ့တုန်းက ဘုရားလမ်းမှာ ချစ်သူလက်ဖက်ရည်ဆိုင်ကလေးရှိတယ် ရုတ်တရက်အဲ့လက်ဖက်ရည်ဆိုင်ထဲကြည့်မိချိန် လက်ရည်ဝိုင်းက အကိုကြီးတွေဆီအကြည့်အရောက် ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာ‌တည့်တည့်ထိုင်ပြီး သူငယ်ချင်းတွေနဲ့စကားပြောနေတာ ကျွန်တော်နူးယံရဲ့ကိုကိုပင် ၊ စိတ်တွေ တွေဝေခဲ့ရတယ် ။ ထိုသူကတော့ ကိုယ့်အားမမြင်ခဲ့ပါ ။

စိတ်တွေလေးပြီး တွေဝေရတယ် ၊ ကိုကိုကပင်လုံကဆိုပြီး ၊ အခုတောင်ငူမှာရှိနေတယ် ၊ ပင်လုံမှာလဲတက္ကသိုလ်ရှိပါ့ရက်နဲ့ ငါသွားမေးသင့်လား မေးသင့်တယ်လို့ထင်တယ် ၊ မသိအောင်ပဲစုံစမ်းသင့်လား အတွေးများယောင်ခြောက်ဆယ်

"ဟယ်လို လုလု ငါစုံစမ်းချင်တာလေးရှိလို့ နင့်အိမ်လာလို့ရမလား"

"အေးရတယ်လာခဲ့လေ အယံ"

"အေးအေး အခုလာပြီ"

++++++++++++++++++

"ငါပုံပြမယ်ဟာ နင့်အဒေါ်ကိုမြင်ဖူးလားတစ်ချက်မေးကြည့်ပေး"

"သူကပင်လုံကဆိုပြီး အခုတောင်ငူမှာတွေ့လိုက်တယ်"

"ဟယ် အဲ့ဒါဆိုပုံပြစမ်းပါအုံး"

"ရုပ်လေးကအချောပဲဟ.. ညာတာဆိုရင်တော့မကောင်းဘူးဟယ်"

"အယံ ငါ့ကိုပို့လိုက်ငါပြကြည့်လိုက်မယ်"

"ကျေးဇူးပါပဲ သူငယ်ချင်းရာ သိရရင်အကြောင်းပြန်ပါအုံး"

"အေအေ ပြောမယ်လေ"

သုံးရက်ကြာသော်

"အယံရေသိရပြီ... သူကလေ ....အဲ့ဖုန်းဆိုင်ကိုခဏခဏလာတယ်တဲ့ ငါအဒေါ်မြင်ဖူးတယ်တဲ့ ဆိုင်ကယ်ဘီးကြီးနဲ့လိုပြောတယ်"

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now