(ဤအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်မျှသာ ဖြစ်ပါသည်။)
"ကဒ်!!!"
"ရပြီ မင်းသားနှစ်ယောက်လုံး ပင်ပန်းသွားပြီ ဒီနေ့တော့ ဒီဇာတ်လမ်းပြီးသွားခဲ့ပြီ"
ဒါရိုက်တာဖြစ်သူက ထိုသို့ပြောလိုက်တော့ ကျန်တဲ့သူတွေအကုန်လုံးက ပျော်သွားပြီး လက်ခုပ်တီးကြတော့သည်။
"ကဲ ဒီနေ့ည ညစာစားပွဲလေးလုပ်ရအောင် မင်းသားနှစ်ယောက်ရော အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ လာခဲ့ပါ့မယ်"
ရှောင်းကျန့်က ထိုသို့ပြောလိုက်လေသည်။ပြီးတာနဲ့ ၀မ်ရိပေါ်နဲ့ နှစ်ယောက်တွဲကာ ထွက်သွားလေသည်။ရိုက်ကွင်းက လူတွေအားလုံးကတော့ ထွက်သွားတဲ့ သူနှစ်ယောက်ကိုသာ ဝိုင်းကြည့်နေကြသည်။
နောက်တစ်နေ့မနက်မှာတော့ သူတို့ရိုက်တဲ့ ဇာတ်ကားရဲ့ အစမ်းက လိုင်းပေါ်မှာ ပျံ့နေလေသည်။"ဟဲ့ ရှောင်းကောတို့ဇာတ်ကား ထွက်တော့မှာတဲ့"
"ဟုတ်လား တကယ်"
"အေး"
"ချောလိုက်တာ နှစ်ယောက်သားကြီးက လိုက်ဖက်လိုက်တာနော်"
"အေးနော် fan meetingကျရင် သွားရမယ် ပိုက်ဆံစုထားရမယ်"
"ငါရော ငါရော"
ထိုဇာတ်ကားမပြခင် နှစ်ပတ်လောက်အလိုမှာတော့ ပရိသတ်တွေကြားကို ဂယက်ရိုက်စေနိုင်တဲ့ သတင်းတစ်ပုဒ်ရောက်ရှိလာလေသည်။ထိုသတင်းကတော့ ဇာတ်ကားထဲမှာပါ၀င်နေတဲ့ ရှောင်းကျန့်နဲ့၀မ်ရိပေါ်တို့က အပြင်မှာ တကယ်တွဲနေတာဆိုတဲ့ သတင်းဖြစ်လေသည်။သူတို့မယုံလို့လဲမရတော့။ဘာလို့ဆို ၀မ်ရိပေါ်ရဲ့တရား၀င်အကောင့်ကနေ ကြေညာထားလို့ဖြစ်သည်။၀မ်ရိပေါ်ကြေညာပြီး မကြာခင်မှာပဲ ရှောင်းကျန့်ကလဲ ၀မ်ရိပေါ်နဲ့ အတူတူလျှောက်လည်ထားသည့်ပုံကို တင်လိုက်လေသည်။
ထိုအခါ ပရိသတ်တွေထဲမှာ ပျော်ကြတဲ့သူရှိသလို ၀မ်းနည်းကြသူတွေလဲရှိလေသည်။တချို့ဆိုရင် fanအဖြစ်ကနေ စွန့်လွှတ်လိုက်ကြသည်။တချို့ဖန်ေတွဆိုရင် မတွဲဖို့တောင် တောင်းဆိုနေကြသည်။ထိုသတင်းမှာ တော်တော်လေးကို အုတ်အုတ်ကြွတ်ကြွတ်ဖြစ်နေသည်။လူမှုကွန်ရက်မှာဆိုလဲ ထိုသတင်းက No.1ကနေမဆင်းတော့။သို့ပေမယ့်လဲ ကာယကံရှင်နှစ်ယောက်မှာတော့