ကျွန်တော့်ကိုမွေးဖွားပေးခဲ့တဲ့သူတွေကိုလည်းကျွန်တော်မသိသလို။ ကျွန်တော့်ရဲ့ဦးတည်ရာကလည်းမသေချာဘူး။
မိဘမဲ့တစ်ကောင်ကြွက်ဘဝကနေ ပန်းချီဆရာတစ်ယောက်အဖြစ်ရပ်တည်နေတာဟာ။ ဝမ်းရေးအတွက်လည်းမဟုတ်သလို၊ ဘဝရှေ့ရေးအတွက်လည်းမဟုတ်ပြန်ဘူး။
ကျွန်တော့်ရဲ့ရင်ခုန်သံအတိုင်းလိုက်ခဲ့တာ။ ကျွန်တော့်နှလုံးသားရဲ့စေညွှန်းမှုကိုစာရွက်ဖြူပေါ်မှာ ဆေးသားတွေနဲ့ဖော်ကျုးခဲ့ယုံပါပဲ။
ဒါကိုလူတွေက ပညာရှင်ကြီးတစ်ယောက်လိုလိုဘာလိုလိုနဲ့မြှောက်စားနေတော့လဲ...။
" Victory~...Victory မင်းအထဲမှာရှိလား"
" ဝင်ခဲ့"
" Oh!...မင်းဒီပန်းချီကိုဆွဲနေပြန်ပြီလား"
မကျင်းမကျယ်သစ်သားအိမ်လေးအတွင်း ပြတင်းပေါက်ဘက်သို့မျက်နှာမူကာ။ မရေတွက်နိုင်သောပန်းချီဆေးဗူးများနှင့်ပန်းချီရေးဆွဲနေသော Victory အား သူ၏အကိုဖြစ်သူ Hopeကပြောလိုက်သည်။
" အင်း...ကျွန်တော်ဒါကိုလက်မရှော့နိုင်ဘူး..."
" Victory... မင်းအခုဆွဲနေတဲ့ပုံကဘာပုံလဲရောမင်းသိရဲ့လား...ဒါ..ဒါက ဒဏ္ဍာရီလာSuccubusရဲ့ပုံနော်"
"ကျွန်တော် သိတယ်Hope...နောက်ပြီးကျွန်တော် ဒါတွေကိုအယုံကြည်မရှိတာHopeလဲသိတာပဲ"
" ကျစ်*! မင်းကွာ~"
Hope တစ်ယောက်တစ်ယူသန်သည့်ညီဖြစ်သူအား။ မည်သို့သောနည်းလမ်းဖြင့်ရှင်းပြရတော့မည်နည်း။
တစ်ကောင်ကြွက်တွေဖြစ်ကြတဲ့ Hope နှင့် Victory အား။ မြို့စားမင်း၏ မိန်းမငယ်မှမွေးစားခဲ့သည်။
ထို့ကြောင့်ညီအကိုအရင်းလိုဖြစ်နေသော Victory ကိုဒုက္ခမရောက်စေချင်ပါ။
အဘယ်ကြောင့်ဆို။ Succubus ဆိုသည့် ဒဏ္ဍာရီလာလိင်နတ်ဆိုးဖြစ်တဲ့အတွက်ရေးဆွဲဖို့ရာကိုတားစီးခြင်းပင်။
ရှေးအစဥ်ဆက်က ပန်းချီဆရာများနှင့် ပန်းပုဆရာများက ထို Succubus ၏ပုံတူများကိုထုလုပ်ရေးဆွဲကြသည်။
ဤသို့ပုံတူပြုလုပ်ပြီးသည်နှင့် ဖန်တီးသူများမှာ တစ်ပတ်တောင်မခံပဲသေဆုံးသွားရစမြဲပင်။