Ep22 Uni+Zawgyi

3.7K 288 17
                                    

Unicode

ဝုန်း!!!

ကျွီ!!!

ညှိုး စက်ဘီးနင်းတတ်တာ သိပ်မကြာ​သေး ကားလာလို့​ရှောင်လိုက်​ပေမယ့် ဘရိတ်ဖမ်းဖို့အချိန်မမှီလိုက်တာ​ကြောင့် တစ်ဖက်ကားက သိပ်မမြန်​သေး​တော့ ​စက်ဘီးလဲပြီး ​ခြေ​ထောက်​ခေါက်သွားတယ်ထင်ပါသည်

အ​ပြေးအလွှား ဆင်းလာသည်က ဟို​နေ့က ​တွေ့ခဲ့တဲ့ ထပ်မ​တွေ့​တော့ဘူး ထင်ခဲ့သည့် အစ်ကို

"ညီမ ဘာဖြစ်သွား...လျညှိုးသွယ် ပါလား ဘာဖြစ်သွား​သေးလဲဟင်"

လူက​တွေ့လို့​ပျော်မိသည်က တစ်ဝက် ကားတိုက်မိ​တော့ စိုးရိမ်မိသည်က ပိုသာ​နေရ

"​ခြေ​ထောက်​လေးနဲနဲ​ခေါက်သွားရုံပါ"

​ပြောလဲ​ပြော လူကလဲထရပ်လိုက်တာမို့ ဟန်ချက်မညီဘဲ ​​ဘေးကသူ ရင်ခွင်ထဲသို့အတိုင်းသား

အထိအ​တွေ့အနည်းငယ်က လူ​​တွေရင်ကိုပိုလှုပ်ခတ်​စေတယ်ဆိုတာ အကြွင်းမဲ့ရုံပါ ​​နွေးခနဲလှိုက်လာရတဲ့ခံစားချက်က လူကိုပိုပြီးစွဲလန်း​စေနိုင်သည့်အစွမ်းရှိသည်

"အစ်ကို ကူတွဲ​ပေးမှာ​ပေါ့ ဘာလို့စိတ်​လောရသလဲကွယ် အစ်ကို့ကား​ပေါ်တက် ​ဆေးခန်းလိုက်ပြ​ပေးမယ်"

ကျွန်​တော်ကိုယ်တိုင်လဲ အနားကပ်​နေသည့်လူက ရင်ခွင်ထဲ​ရောက်လာသည်မို့ ရင်ခုန်သံ​တွေများကြားမိမလားဆိုပြီး အ​ယောင်​ယောင်အမှားမှားနဲ့ မသိမသာခွာမိသွားရ ဒါဟာလဲ စိတ်ရှိမှသာ တွန်းထုတ်တတ်သည်ကလည်း မလုံမလဲမှု​တွေ​ကြောင့်ဖြစ်နိုင်သည်(crushက​ချေတိုင်းမကြိုက်ဘူးမထင်နဲ့ သူမလုံမလဲဖြစ်​နေတာ😛)

ပုခုံး​လေးနှစ်ဖက်ကို လက်​လေးအုပ်မိုးလို့ လမ်း​လျှောက်နိုင်​အောင်ကူရင်းသိပ်မ​ဝေးလှသည့် ကားဆီသို့ ကူတွဲဖြစ်ခဲ့သည်

နှစ်​ယောက်သားရင်ထဲမယ်​တော့ တအုံ့​နွေး​နွေး လှိုင်းထ​နေသည့်ရင်ခုန်သံကိုယ်စီဖြင့်သာ

​ဆေးခန်းပြ ဒဏ်ရာကို​ဆေးစည်း​ပေးပြီး​တော့ ​အိမ်သို့လိုက်ပို့ရသည်

"ဟိုအိမ်​လေးပါ ​ရောက်ပါပြီ"

လက်ညှိုး​လေးထိုးလို့ ​ဘေးတ​စောင်းကြည့်မိတာမို့ မျက်​တောင်ရှည်ရှည်​ကော့​ကော့​လေး​တွေက လှရက်ပါဘိ အို...ချစ်ဖို့​ကောင်းပါဘိ က​လေးရယ်

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora