I am a wreck when I'm without you

1.2K 82 2
                                    

တစ်ယောက်ကိုတစ်ယောက် ပေးနိုင်သမျှအရာအားလုံးက နာကျင်မှုတွေပဲဖြစ်လာခဲ့မယ်ဆိုရင်....?

Unicode

ဝမ်ရိပေါ်ခြံဝန်းထဲတွင်ထိုင်ရင်း အတိတ်ကို အစီအရီပြန်တွေးနေမိခြင်းပင် ။ ထိုအချိန်ကာလ၏ နောက်နေ့မနက်တွင် သူမျှော်လင့်ထားသလို ဒေါသတကြီးပေါက်ကွဲမှုရော ၊ အပြစ်တင်မှုများရော ၊ လမ်းခွဲစကားရောရှိမလာခဲ့ ၊ ရှောင်းကျန့်က တစ်ခွန်းသာပြောခဲ့သည် ။

"ဝမ်ရိပေါ် မင်းတို့မောင်နှမနှစ်​ယောက်က ငါ့အတွက်ကျိန်စာတွေပဲ ။"

သို့ဆိုသော် ရှောင်းကျန့်အတွက် ဝမ်ယဲယဲ့သည် မုန်းတီးစက်ဆုပ်ဖွယ်ကျိန်စာတစ်ခုဖြစ်ပြီး ဝမ်ရိပေါ်ကတော့ နာကျင်စေရင်တောင် သူ တင်းတင်းဆုပ်ကိုင်ထားမိပြီး မြတ်နိုးနေမိဆဲဖြစ်သောကျိန်စာတစ်ခုပင် ဖြစ်သည် ။

ရှောင်းကျန့်သည် ထိုအချိန်မှ စ၍ ဆေးရုံသို့သွားခြင်းအား ရပ်တန့်လိုက်ပြီး သူ့အဖေချန်ရစ်ထားခဲ့သောကုမ္ပဏီသို့ ဝင်သွားခဲ့သည် ။ တစ်နှစ်အကြာတွင် ဦးလေးဖြစ်သူကို အပြီးပိုင်ရိုက်ချနိုင်ခဲ့ပြီး ရှောင်းလုပ်ငန်းစုအားလုံးအား လက်ဝယ်တွင် အခြေတကျဆုပ်ကိုင်နိုင်ခဲ့သည် ။

သူ၏ဒုတိယအစီအစဥ်ဖြစ်သူမှာ ဝမ်ရိပေါ်၏အဖေပင်ဖြစ်သည် ။ ရှောင်းကျန့်တစ်ခါသွားတွေ့အပြီး တစ်နှစ်ပတ်လုံးဝမ်ရိပေါ်အား ရှောင်းကျန့်နှင့်လမ်းခွဲ၍ အမြန်ဆုံးဝမ်အိမ်တော်၏အငယ်ဆုံးသားအဖြစ် လူရှေ့ထွက်ရန် ဖိအားပေးနေခဲ့သောအဖေဖြစ်သူသည် ဒေါသကိုအပြင်းထန်ထိန်းချုပ်နေရချိန်တိုင်း ထုတ်ပြတတ်သည့်အပြုံးကို ဆင်မြန်း၍ မိသားစုပွဲတော်တွင် ဝမ်အိမ်မှာ အငယ်ဆုံးသားဆိုတာမရှိတော့ဘူး ၊ မင်းသွားလိုရာသွားပြီး လုပ်ချင်တာလုပ်နိုင်တယ်ဆိုသည့် စကားတစ်ခွန်းကိုသာ ဝမ်ရိပေါ်အားပြောကြားခဲ့သည် ။ သူ့အမေအပါအဝင် ကျန်သည့်မိသားစုဝင်များသည် ခေါင်းပင်မော့မကြည့်ခဲ့ချေ ။

သို့သော် ဝမ်ရိပေါ်ကတော့ ထိုက်တန်သည်ဟုယူဆနေဆဲပင်ဖြစ်သည် ။

ရှောင်းကျန့်...
ကောက သူတစ်လောကလုံးနဲ့လဲရဲတဲ့တစ်ယောက်သောသူပဲ ။

A Tale Of Not A Fairy Tale || Completed Where stories live. Discover now