(Part-1)

1.9K 87 2
                                    

"အိုး"

"ယာတဲ့မူ မူတဲ့ယာ မူယာ"

"ဘုတ် ဒုတ်"

အသံနှစ်ခု၊ ဖြစ်ရပ်နှစ်ခုတပြိုင်တည်းကြားလိုက် ကြုံလိုက်ရသည်နှင့် ကျွန်မ၏အမြင်အာရုံတို့ဟာ နေမင်းကြီးအား အနီးကပ်မြင်လိုက်ရသလို ရင်ထဲပန်းတွေပွင့်သွားရသည်။

တကယ်တမ်းဆိုလျှင် ဒီစကားအား တင်စားခြင်းဟုသာ ဆိုချင်သည်။ လက်တွေ့များ နေမင်းနှင့် ထိပ်တိုက်တိုးလျှင် မျက်စိမမြင်ရတဲ့ဘ၀ကို တစ်ခါတည်းရောက်သွားမှာကျိန်းသေသည်။

ဒီလိုဆို မေးစရာရှိမည် ဘာကြောင့်များပန်းတွေပွင့်ရသည်လည်း...အိုး ကျွန်မဖြင့် မဖြေချင်။

"ယင်းယင်း ဟဲ့ယင်းယင်း အော် ဒီကလေးနှယ်"

"တောင်းပန်တယ် ငါ့သမီးရယ် ဒီကလေးလဲ အချဉ်ထုပ်တွေ စားတာများသွားလား မသိပါဘူး ဦးနှောက်က အလုပ်မလုပ်တော့ဘူး ထင်ရဲ့"

အိုး လာပြန်ပြီ အမေတို့ကတကယ်တည်း ငါးမူးဖိုး အချဉ်လေး ၀ယ်စားမိပါတယ်။ ဦးနှောက်ပါချောင်ရပြီ။

"ရတယ်ဒေါ်ဒေါ် အယင်းက ကလေးပဲ အချဉ်စားတာကောင်းပါတယ်"

ကဲ ဘယ်လိုလဲ။ ကျွန်မရဲ့နေမင်းကြီးကို တွေ့ပြီမလား။ အမြဲကို...ရင်ထဲပန်းတွေပွင့်အောင်လုပ်နေတယ်။

"ဘာကလေးလဲ မူယာရယ် အသက်ကပဲ ဆန်တစ်တင်းဖြစ်နေပြီ မကြာခင်ပဲတက္ကသိုလ်ရောက်ရော့မယ်"

"အိုး မာမီရယ် ယင်းယင်းနိုင်ပါ ရေးရေးနိုင်မဟုတ်ရ"

ဟု ပြုတ်ကျနေသည့် စာအုပ်အားကောက်ကာ ကြမ်းပြင်မှထရင်း အမေ့ဘေးနား၀င်ထိုင်လိုက်သည်။ ထို့နောက် ဖြစ်တည်မှုလေးအား နေမင်းကြီးအား ဘန်းခနဲမြည်အောင်ပြတော့ သူမဟာရီပါသည်။

"ရေးရေးနိုင် ဟုတ်စ"

ကြိုက်သည်လေ အိုး။ ဒါပင်မဲ့ မမမူယာမဟုတ်သည့် သူ ဒီလိုခေါ်လျှင် မုန်းသော်လည်း မမမူယာခေါ်လျှင် ရေးရေးနိုင်မက အနိုင်နိုင်ဖြစ်နေလျှင်တောင်မျှ ကြိုက်သည်။

သို့သော် စာအုပ်ထဲကလို မကြိုက်ချင်ယောင်ဆောင်ရမည်။

"အိုး ရေးရေးနိုင်လို့သာ ထပ်ပြောရင် အမမူယာကို လက်ထပ်ပြီး စာရေးပြရော့မယ်"

ᴍʏ(MY)Where stories live. Discover now