" ဒါနဲ့ ဆယ်ဟွန်း မင်းသိလား ။
ဂျုံအင် က နောက်တစ်ယောက်နဲ့
ထပ်တွဲပြန်ပြီ။ ဒီတစ်ခါတော့ ကောင်မလေးက
Surgeon လို့ပြောတယ်"ဂျွန်ဝူးရဲ့ စကားကြောင့် Guitar
တီးဖို့ ပြင်နေသည့်
ဆယ်ဟွန်းရဲ့ မျက်နှာက
တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိ။သို့သော် Guitar ကြိုးကိုညှိနေတဲ့ ဆယ်ဟွန်းရဲ့
လက်တွေကတော့ ခဏမျှ ရပ်တန့်သွားလေသည်။"ဘဝကြီးကလည်း ဂျုံအင့်ကို အားကျရင်းနဲ့ပဲ
ကုန်ဆုံးရတော့မှာလား။
ငါ့မှာတောင် တစ်ယောက်တောင်ဖြစ်ဖြစ်မြောက်မြောက် ရအောင် မလိုက်နိုင်သေးခင်
ဂျုံအင်ကတော့ ဒီနှစ်လထဲတင် နှစ်ယောက်လား
သုံးယောာက်လား..။
အဲ့ဒီ နှစ်ယောက် သုံးယောက်ကလည်း
သူ official တွဲတာလောက်ရှိသေးတာ။
ကျန်တဲ့အစွယ်အပွါးလေးတွေ ပါသေးတာ
မဟုတ်ဘူး။ လောကကြီးက
မတရားလိုက်တာကွာ.."ထိုအခိုက်တွင်
"ပါ ကွာတယ်လေ ၊ ပါ ကစကားပြောတယ်
ဂျွန်ဝူးရ.."ဆယ်ဟွန်းရဲ့
အခန်းထဲမှာ ကောင်မလေးနဲ့ ဖုန်းပြောပြီး
အီစီကလီလုပ်နေသည့် ဂျုံအင်က
ဘယ်အချိန်ကတည်းက ထွက်လာသည်မသိ၊
စားပွဲပေါ် တင်ထားသည့် ဆယ်ဟွန်းဖျော်ထားသော
ကော်ဖီခွက်ကို ယူ၍ သောက်ကာ
ဂျွန်ဝူးကို ပြုံးစိစိဖြင့်ပြောလိုက်သည်။ဂျွန်ဝူးက မျက်နှာကိုမဲ့ပြလိုက်ပြီးမှ ..
"ဒီတစ်ယောက်နဲ့လည်း ဘယ်ချိန်ထိလဲ"
"အင်း ကြာမယ်ထင်တယ်"
"ထူးဆန်းနေပါလား။
ဘာလို့လဲ ။ တစ်ပတ် နှစ်ပတ်မဟုတ်တော့ဘူးလား"" ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်"
"အရင်ကလူတွေလည်းဒီလိုပြောခဲ့ဖူးတာပါပဲ"
"နိုး နိုး မတူဘူး..။ သူနဲ့ စကားပြောနေချိန်ဆို
ငါစိတ်ထဲ မှာ ပျော်နေတာကွာ""အရင်လူတွေကိုလည်း ဒီလိုပါပဲ"
ဆယ်ဟွန်းက သူ့လက်ထဲက Guitar ကို
ထိုင်နေသည့် ဆိုဖာပေါ်တွင်တင်လိုက်သည်။"မင်းတို့နှစ်ယောက်ဘယ်တော့ ပြန်ကြမှာလဲ"
"အွန် .. ငါဒီညကစပြီး နောက်တစ်ပတ်ထိ ဒီမှာ
အိပ်မှာလေ .. ဆယ်ဟွန်းကလည်း။
အဲ့ကောင်ကိုပဲ ပြန်ခိုင်းလိုက်"

BẠN ĐANG ĐỌC
Finally, I fell in love with my Friend !
FanfictionSEKAI ONESHOT FANFICTION Art from cover Crd to Pinterest ! ROMANCE !