နောက်တစ်နေ့တွင် ကွာကွာကိုကျောင်းပို့ပြီး
သည်နှင့် ကုမ္ပဏီသို့နှစ်ယောက်တူတူထွက်
ခဲ့သည်။ ကုမ္ပဏီထဲသို့လက်တွဲဝင်လာတာ
ကြောင့် ဝန်ထမ်းတွေက ကွက်ကြည့်ကွက်
ကြည့်လုပ်နေကြသည်။ထိုချိန် မြတ်သောလူ
က အနားရောက်လာကာ"Boss ရုံးခန်းထဲမှာဧည့်သည်ရောက်နေပါ
တယ် ဒီနေ့စွဲလို့ပြောပါတယ်""ဒီနေ့စွဲ ဘယ်သူကာလိမ့်"
" မောင် အဲ့ဒါဟိုဒေါက်တာလေ "
" အော် ကောင်းပြီး ဧည့်သည်တွက် တစ်ခုခု
ဖျော်ပြီးလိုက်ခဲ့ မြတ်သောလူ""ဟုတ်ကဲ့ Boss"
ဧဝရတ်မင်းမောင်တို့အထဲဝင်လာတော့
ခုံတွင်ချေချိတ်ကာထိုင်နေသည့် လူအားတွေ့
လိုက်ရသည်။"ဘာကိစ္စရှိလို့လဲ ဒေါက်တာ "
" Mr. Devil က ကိုယ့်ညီနဲ့ပတ်သတ်နေပြီး
ကိုယ့်ကိုမသိဘူးလား"" ညီ? အဲ့ဒါဘယ်သူလဲ "
" ပြည့်ရှင်မင်းလေ "
" ဒါဆို မင်းလဲ Dragon ဂိုဏ်းကဘဲပေါ့"
"ဆိုပါတော့ လာရင်းကိစ္စပြောရရင် ကိုယ်တို့က
အခုဆိုရန်သူလိုနေလို့မဖြစ်တော့ဘူးလေ
ဟုတ်တယ်မလား ညီကလဲ မင်းစီဘာလို့
ရောက်လာလဲသိတယ်မလား ""ငါ့သားက ၃နှစ်ဘဲရှိသေးတာကွ!!"
ဧဝရတ်မင်းမောင်က သားဖြစ်သူကို သည်း
သည်းလှုပ်တာကြောင့်တခြားသူကိုပေးရမှာ
အလွန်နှမြောတွန့်တိုသည်။မင်းနော်ကတော့
ဧဝရတ်အားကြည့်ကာ ပါးစပ်အားလက်နှင့်ကာ
ရင်းခိုးရီနေသည်။" မင်းသားကအသက်၃နှစ်မှာရပ်မနေဘူးလေ
ဒါကထားပါ ငါလာတာကမင်းစီကခွင့်တောင်း
စရာရှိလို့"" ပြောကြည့်လေ"
" မြတ်သောလူကို ငါ့ကိုပေး"
"ဘာ!! မင်း..မင်းတို့ညီကိုနှစ်ကောင်မလွန်ဘူး
လားတစ်ယောက်ကငါ့အသည်းလေး ကွာကွာ
ကို ခွေးချောင်းချောင်းနေတယ် တစ်ယောက်
ကငါအားကိုးရတဲ့အတွင်းရေးမှူးကို...အမလေး
ငါမူးလာပြီး ပူတူးရေမောင့်ပူတူလေး"
BẠN ĐANG ĐỌC
ပြန်ရှင်သန်ပြီးနောက် ကလေးတစ်ယောက်အဖေဖြစ်လာတယ်
Lãng mạnRebirth Uni/ Zawgyi Started -13.7.2022 Ending-