REPLY-13

801 74 1
                                    

"လီလီ"

"အွန်း ဂျိမ်းပြောလေ အခုတစ်ပတ်တောင်ပြည့်ခဲ့ပြီ ည‌နေကျတို့ရင်ဆိုင်နိုင်ပါ့မလား"

"ရမှာပါ ဂျိမ်း‌ရယ် အဲ့တာတွေမပူပါနဲ့"

"ဒါပေမဲ့"

"ဒီမှာကြည့် လီလီ့ကိုယုံတယ်မလား
လီလီလည်းကိုယ့်ကိုကိုယ်ထိန်းမှာပေါ့
ပြီးတော့ဂျိမ်းလည်း ဘညမှပြန်မပြောရင်ဖြစ်တယ်လေ အဲ့တာဆို ဘုရင်မလည်း အရမ်းဆိုးဝါးတာတွေပြောမှာမဟုဘူး"

"အွန်း လီလီ့ကိုယုံတယ် ဒါပေမဲ့ ကံကြမ္မာကိုမယုံဘူး လီလီ
လီလီ့ကိုတို့ထပ်မဆုံးရှုံးချင်တော့ဘူး"

"ဂျိမ်းရယ် လီလီလည်းဂျိမ်းကိုမဆုံးရှုံးချင်ပါဘူး"

"ဟုပါပြီ လီလီ တို့ကတိတစ်ခုတောင်းချင်တယ်"

"ဟုတ်ပြောလေ ဂျိမ်း"

"ညနေကျကိစ္စတစ်ခုခုဖြစ်ခဲ့ရင် တို့ဘက်ကနေမင်းကာမပြောပါနဲ့ တို့ဘာသာတို့ရင်ဆိုင်မယ် အကယ်၍ ဘုရင်မကသေမိန့်ချင်ရင်တောင်ဝင်မပြောပါနဲ့လီလီ"

"အဲ့ဒါကတော့.."

"ဒီမှာ တို့ လီလီ့ကိုတောင်းချင်တဲ့ကတိကအဲ့ဒါပဲ အဲ့ဒါကိုတော့တည်ပေးပါ လီလီ"

"လီလီကတိတည်ပါတယ် ဂျိမ်းလည်းအဲ့လိုတွေမဖြစ်ဖို့ကြိုးစားပါ လီလီရောပေါ့"

"ချစ်တယ်လီလီ"

"လီလီကပိုချစ်ပါတယ်"

"မဟုပါဘူး တို့ကပိုချစ်တာပါ"

"ဟုပါပြီ ဂျိမ်းရယ် ဂျိမ်းနဲ့စကားနိုင်လုလည်း လီလီနိုင်မှာမဟုပါဘူး အရှူံးပေးပါတယ်"

လီလီရယ် တို့အမှန်တွေပြောနေတာပါ မင်းလေးကိုတော့ဒီတစ်ခါတစ်ကယ် မစွန့်လွှတ်နိုင်တော့ဘူး ချစ်တယ်လီလီ ဒီတစ်ခါသေရမယ်ဆိုရင်တောင်တို့ပဲအသေခံမယ်
ဒီတစ်ခါတော့မင်းလေးကို ကယ်နိုင်ရမယ်

______

ဘယ်လောက်ပဲသတ္တိမွေးထားထား ဒီနေရာကိုပြန်ရောက်လာတော့ကျမတုန်ပြီးကြောက်နေမိတုန်း
ဒါပေမဲ့ကျမလက်ကိုတင်းကျပ်စွာကိုင်ထားပေးတဲ့ လီလီရှိနေလို့ တော်သေးသည်
လီလီကကျမအတွက်တော့မရှိမဖြစ်လေးပါပဲ

REPLY (Complete)Where stories live. Discover now