𝖴𝗇𝗂𝖼𝗈𝖽𝖾
𝖡𝗂𝖻𝗅𝖾~
"ငါအရင်မေးတာ ဖြေစမ်း!!!"
ငါ Barcodeကို အသံခပ်အုပ်အုပ်နဲ့ ပိတ်ဟောက်လောက်တော့ ပန်းနဲ့ ပေါက်သလို ဘာမှ မဖြစ်ဟန် မျက်နှာထားနဲ့ သူက ငါ့ကိုပြန်တောင် မဲ့ရွဲ့ပြလိုက်သေးတယ်။
"မြင်တဲ့အတိုင်းဘဲလေ အလုပ်လုပ်နေတာ မတွေ့ဘူးလား"
"ကျစ်..အဲ့တော့ အဖေ မုန့်ဖိုးမပေးတော့ ကိုယ့်ပိုက်ဆံကိုယ် ရှာနေရပြီပေါ့..ကောင်းတယ် အဲ့တော့မှ ပိုက်ဆံတန်ဖိုးသိမှာ"
"အော်ဟော..ဘယ်တုန်းက ညီဖြစ်သူ ကို တွေးပေးတတ်သွားတာလဲ"
"ထားပါတော့!!မင်းက ဆိုင်တွေအများကြီးထဲကမှ ဘာလို့ Build....ဒီဆိုင်ကို ရွေးတာလဲ..အလုပ်ထွက်ပြီး တခြားနေရာမှာ သွားလုပ်စမ်းပါ ငါ့ကို အနှောင့်အယှက်ဖြစ်အောင်လို့"
"P' ကရော ဒီမှာ ဘာအကြောင်းရှိလို့ တွယ်ကပ်နေတာလဲ၊ကျွန်တော်ကတော့ထားပါတော့ အချိန်ပိုင်းအလုပ်ရင်းငွေရှာနေတာ ကောင်းတာဘဲလေ၊ ကုမ္ပဏီရဲ့ နေရာကြီးပိုင်းကိုရထားတဲ့ P'က အရမ်း အားယားနေတဲ့ ပုံဘဲနော်..သနားစရာ ကျွတ် ကျွတ်..."
Barcodeက ကျွတ် ကျွတ် ဆိုတဲ့ သနားစရာ ကောင်းတဲ့ အသံကို အမြင်ကတ်ဖွယ် ထွက်ပြနေတော့ ခေါင်းခေါက်ချင်စရာ။သူနဲ့ ငါက ဘယ်တော့မှ စကားလမ်းကြောက တည့်မှာမဟုတ်ဘူး။
"P'သာ ဒီမှာရှိနေတာ အဖေ သိသွားရင် ဘာဖြစ်သွားမယ် ထင်လဲ"
Barcodeက မျက်ခုံးတဖက်ပင့်ပြရင်း စိန်ခေါ်သလို အကြည့်နဲ့ ကြည့်လာတော့ ငါလက်သီးစုတ်လိုက်မိတယ်။
"မင်းပါးစပ်ပေါက်ကနေ စကားမဟရင်တော့ ပြဿနာမရှိဘူးမလား"
ငါအသံက ကျယ်လာတော့ လမ်းသွားတဲ့ လူတွေတောင် လှည့်ကြည့်လာတယ်။
"အို!!ဟုတ်တာပေါ့..ဘာတွေ ဒေါသထွက်နေတာလဲ စိတ်လျော့ပါဦး"
ငါ့ပုခုံးကို ခပ်ပြင်းပြင်းပုတ်ရင်း ပြောလိုက်တယ်။
"ဟူး....."
ငါအတတ်နိုင်ဆုံး စိတ်က်ို တင်းထားရာကနေ လျှော့ချလိုက်တယ်။ ငါ့ရဲ့သွေးတိုးနူန်းက သံပုရာဖျော်ရည်သောက်ရင်တောင် ကျမှာမဟုတ်တော့ဘူး။ဒီ သကောင့်သားက ငါ့ဒေါသကို မြေတူးစက်နဲ့ကို လာဆွနေတာ။