Zawgyi Version
ရိပေါ်က တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခတ်လို့
မျက်စိရှေ့ကမြင်ကွင်းကို စူးစိုက်နေအောင်
ကြည့်မိသည်။ဘိုးတော်နှင့် စော်ကြီးတစ်ပွေက ကန်တင်းထဲမှာ
မျက်နှာချင်းဆိုင်ထိုင်လို့ ရယ်ရယ်မောမော
စကားပြောနေတာပင်။ တော်ရုံတန်ရုံမိန်းမဆို
ရိပေါ် အလကားနေသက်သက် နေရင်းထိုင်ရင်း
သဝန်တို ဒေါသထွက်နေရမည်မဟုတ်။လီလီဆိုတဲ့စော်ကြီးက ဘိုးတော်နား တမင်ကို
လိုက်ကပ်နေတာဖြစ်လို့ မြင်ပြင်းကပ်ပါတယ်၊
မုန်းတီးပါတယ်၊ ဘိုးတော်အနား နောက်ထပ်တစ်ခါ
တွဲမတွေ့ချင်ပါဘူးလို့ အတန်တန် ပြောထားပါရက်
နဲ့ကိုတောင် ရိပေါ်ကို မခန့်လေးစားနဲ့ အရှေ့တွင်ပါ
အတူလာထိုင်ပြနေသည်ပင်။အခုနလေးတင်မှ စာသင်ခန်းထဲက ကြည်နူးစရာ
အဖြစ်တချို့ကြောင့် အပြုံးလေးထင်ကျန်တုန်း
ရှိသေးတာကို ဘိုးတော်က အခုတော့ ရင်ဝကို
တည့်နေအောင် စုန်ကန်ချလိုက်ပါပြီ။စာသင်နေတုန်းကတော့ Discussion time မှာ
ရိပေါ်ဘေးနား မူမပျက်ဝင်ထိုင်ပြီး တစ်လျှောက်လုံး
ရိပေါ် လက်ချောင်းလေးတွေကို ဖိညှစ်ဆုပ်ကိုင်ရင်း
ကျီစယ်နေခဲ့တာ သင်းမဟုတ်သလိုပါပဲ။
အဲ့တုန်းကတော့ အချစ်နွံထဲ စုန်းစုန်းမြုပ်နေရှာတဲ့
ရိပေါ်မှာ ခုံအောက်ထဲ ဘိုးတော်ခြေဖမိုးအပေါ်
သူ့ခြေဖဝါးလေးကို ဖိနပ်ချွတ်လို့ ဖေးတင်ထားရင်း
ပျော်ရွှင်နေခဲ့တာပင်။"ဟေ့ယောင်ရေ...ဟိုဘက်ခန်းရဲ့ Guest Professor
အသစ်ကလန်းတယ်လေးပဲ ပြောရရုံရှိသေး...
နံပါတ်စဉ်က ချိတ်သွားပြီဟေ့..."လက်စသတ်တော့ အဲ့လီလီက ဘိုးတော်နဲ့လဲ
တစ်ကျောင်းတည်းသားတွေ ဖြစ်နေခဲ့တာပါလား။
ဒါကြောင့်လဲ ဘိုးတော်က ရိပေါ်ပြောလိုက်တိုင်း
သံယောဇဉ်တွေ မပြတ်နိုင်မခွဲနိုင် ဖြစ်နေရှာသပေါ့။"ဟေ့ယောင်တွေရေ မဟုတ်မှလွဲရော ငယ်ချစ်ဦး
တွေလား မသိနော်...""အေးဟ ဖြစ်နိုင်တယ်နော်...သက်တူရွယ်တူ
ကျောင်းနေဖက်တွေမလား...""လိုက်တော့လဲလိုက်ပါတယ်..."
မီးပွားက ထတောက်ဖို့အရှိန်ယူနေပြီဆို
ဘေးနားက လောင်စာထည့်နေတဲ့ ဝူကျဲ့တို့
တစ်သိုက်ရဲ့ပယောဂ ကင်းကိုမကင်းတာပင်။
YOU ARE READING
My baobei always thought that I didn't love him
FanfictionJust an annoying day with an annoying person.But, wonderful moments have begun from every little seconds I spent with that annoying person.The name of that annoying person starts with X and his favourite hobby is to tie me down in bed wether I agree...