Episode-(21)

2.7K 208 14
                                    

Zawgyi Version

ရိပေါ် အိမ်တံခါးဝကိုဖွင့်လိုက်ချိန်မှာ နာရီလက်တံ
အတိုလေး (10) ဆိုတဲ့နံပါတ်ကို ညွှန်ပြပြီးနေပြီ။
ခါတိုင်းထက်ပိုလို့ နောက်ကျသွားမိပြီဆိုတာ
ရိပေါ်လက်ခံတယ်။ ဖုန်းထဲကို တောက်လျှောက်
ဝင်ထားခဲ့တဲ့ အနီရောင် missed calls တွေကိုလဲ
မမြင်လို့မဟုတ်။ တမင်ကို မမြင်ချင်ယောင်
ဆောင်ထားလိုက်မိတာရယ်။

တစ်ခါတလေကျတော့လဲ ရိပေါ်က ဘိုးတော်ကို
အဲ့သလိုလေး ဖီဆန်ပြချင်သေးတယ်။ ဒါမှလဲ
အဲ့ဘိုးတော် သူ့တန်ဖိုးကို နည်းနည်းပါးပါးလေး
နားလည်လာမှာလေ။

အရင်တုန်းကတော့ ဒီအချိန်ထိ သူပြန်မလာသေးရင်
ကိုကို ထိုင်စောင့်ဖူးပေမဲ့ အခုတစ်ခါက
နှစ်ယောက်သား ကတောက်ကဆဖြစ်ပြီးမှ
ထွက်သွားသည်ဖြစ်လို့ ရိပေါ်သိပ်ပြီးတော့ဖြင့်
မျှော်လင့်မထားဘူးရယ်။

မီးအလင်းရောင် တစ်စက်မှမရှိပါတဲ့ ဧည့်ခန်းရဲ့
အခြေအနေကိုကြည့်လို့ ကိုကို အိပ်နေလောက်ပြီ
ဆိုတဲ့အတွေးနှင့်အတူ ရိပေါ်စိတ်ထဲမှာ
ထိရှသွားတဲ့ အစိတ်အပိုင်းလေးကလဲ
ကြီးမားလွန်းတယ်။ ကိုကိုက သူ့ကို အဲ့သလောက်
ထိတောင်မှပဲ အပူအပင်ကင်းလွန်းနေပြီလား
ပေါ့နော်။

ရိပေါ် ကိုကို့ဆီက အကြောက်ဆုံးအရာမှာ
ကိုကို့ဒေါသမဟုတ်ပဲ ကိုကို့ဥပေက္ခာသာလျှင်
ဖြစ်သည်။ ကိုယ့်ထက် အသက်အများကြီး
ပိုကြီးတဲ့ယောက်ျားဖြစ်ပေလို့ လူတစ်ဖက်သားကို
မျက်တောင်တစ်ချက်မခတ်ပဲ အနုနည်းနဲ့နှိပ်စက်၍
လျစ်လျူရှု မျက်နှာလွှဲနေနိုင်တဲ့နေရာမှာ ကိုကိုဟာ
သိပ်ကိုမှ တစ်ဖက်ကမ်းခတ် တော်လွန်းပေတယ်။

အမှောင်ချထားတဲ့ ဧည့်ခန်းထဲကို အသာလေး
ခြေဖော့ဝင်လာချိန် ချောက်ခနဲ မြည်သံနှင့်အတူ
တစ်ခန်းလုံးလင်းချင်းသွားပြီးနောက် မျက်စိထဲ
ဦးစွာဝင်လာသည်က မီးခလုတ်ရှိရာ နံရံဘေးမှာ
လက်ပိုက်လို့ စိုက်ကြည့်နေပါသည့် ကိုကိုရယ်လေ။

မသေမသပ် ကြေမွနေတဲ့ ရှပ်လက်ရှည်မှာ
ကျောင်းမြှပန်လာတည်းက သူ့ကိုပဲထိုင်စောင့်နေပြီး
အဝတ်အစားလေးသော်မှ မလဲမပြုရသေးဘူးဆိုတဲ့
အဓိပ္ပာယ်ကိုသာလျှင် ဖော်ဆောင်လေသည်။

My baobei always thought that I didn't love him Where stories live. Discover now