Zawgyi Version
"ရိပေါ်ကော...ရိပေါ်ကော..."
"ဟမ်! အင်း...ပြောလေ ဟောက်ရန်...ကော
နားထောင်နေတယ်..."စကားဝိုင်းအလယ်လောက်မှ ဟောက်ရန်အသံပြုလို့
မှိုင်းတိုင်းတိုင်းနဲ့ ပြန်တုံ့ပြန်ပေးလာသည့်
ရိပေါ်ပုံစံမှာ ဘယ်လိုနည်းလမ်းနှင့်မှ
ဒီစကားဝိုင်းကို စိတ်ပါဝင်စားမှုရှိနေပုံ
နည်းနည်းလေးတောင် မပေါ်ပေ။"ကျွန်တော်ပြောနေတာလေ...နောက်တစ်ပတ်ထဲမှာ
မြို့ထဲကပြခန်းမှာ အရောင်းဖွင့်ပြမဲ့ နာမည်ကြီး
ဆိုက်ကယ်ပြပွဲကို သွားကြည့်ကြမလားလို့လေ...""ဪ...အင်း...ကောတစ်ချက် အချိန်ညှိကြည့်ပြီး
ပြန်ပြောမယ်လေ...""ဟင်! ကောကလဲ...အချိန်ညှိရအောင် ကောက
အိမ်ထောင်သည်လဲမဟုတ်...သွားချင်တဲ့အချိန်
ကောက်သွားပြီး ပြန်ချင်တဲ့အချိန် လှည့်ပြန်လို့
ရနေတဲ့ဟာကို..."အိမ်ထောင်သည်ဆိုတဲ့ စကားစုလေးတစ်ခုကြောင့်
တစ်ချိန်က မြူးတူးပျော်ရွှင်စွာ ကျီစယ်ခဲ့ဖူးပါသည့်
မနက်ခင်းလေးတစ်ခုကို ရင်ထဲမှနေ ရီဝေမှုန်မှိုင်း
ကျကုန်သည်အထိ လွမ်းဆွေးတမ်းတလို့
အမှတ်ရမိသွားတာပင်။ကိုကိုက သိပ်နေနိုင်လွန်းတဲ့သူပါ။ အဲ့လို
သိပ်နေနိုင်သူကြီးကို ဖီဆန်ပြနိုင်ဖို့အတွက်
သူ့တုန်းကနှင့်မလျော့တဲ့ တင်းအားတွေနဲ့
ခပ်မာမာ ပြန်ဆက်ဆံလို့ တသီးတခြား
စည်းခြားနေရသည်မှာ ရိပေါ်လို ချာတိတ်လေး
တစ်ယောက်အတွက် သိပ်ပြီးတော့များ
လွယ်ကူမယ်ထင်နေတာလား။အထူးသဖြင့် ကိုကို့ရင်ခွင်ကို အခုချက်ချင်းပဲ
ပြေးဝင်ခိုလှုံပြီး အားမပါစွာ ထုရိုက်နှက်လို့ 'ခင်ဗျား
အနမ်းတွေကို သိပ်လွမ်းနေတာ တကယ်မသိပဲ
နေရသလား ကိုကိုလူဆိုးကြီးရဲ့' ဆိုပြီး အော်ဟစ်
ငိုယိုပေါက်ကွဲပစ်ချင်စိတ်ကို မနည်းကြီး
ထိန်းချုပ်နေရတဲ့ အခြေအနေမျိုးမှာဆို
ပိုလို့တောင် မလွယ်ကူသေးတယ်။ဒါပေမယ့် ဒီတစ်ခေါက်က မတူဘူး။ အဲ့လိုနည်းနဲ့
ရိပေါ် အရှုံးမပေးလိုက်ချင်ဘူး။ ဘာလို့ဆို
ဒီတစ်ခါက အရင့်အရင်အခါတွေလို ရိပေါ်
စိတ်ကောက်နေတာမဟုတ်ဘူး။ စိတ်နာစ
ပြုချင်နေတာပင်။
BẠN ĐANG ĐỌC
My baobei always thought that I didn't love him
FanfictionJust an annoying day with an annoying person.But, wonderful moments have begun from every little seconds I spent with that annoying person.The name of that annoying person starts with X and his favourite hobby is to tie me down in bed wether I agree...