Episode-(24)

3K 231 32
                                    

Zawgyi Version

ညဉ့်သန်းခေါင် အသံဗလံအကုန် ငြိမ်ကျသွားချိန်မှ
အခန်းတံခါးကို ချောက်ခနဲ ဖြည်းဖြည်းလေး
သတိထားဖွင့်လိုက်သံ ထွက်ပေါ်လာသည်ပင်။

ရှောင်းကျန့်က သူ့ရှေ့မှာ မျက်ရည်စတွေနဲ့
ပေတလူးပြီး နှုတ်ခမ်းလေးဟလို့ အပြစ်ကင်းစွာ
အိပ်မောကျနေပြီဖြစ်တဲ့ ချစ်သူလေးကိုကြည့်ရင်း
စိတ်မောစွာ သက်ပြင်းတစ်ချက် ချမိတော့သည်။

စကားတွေက ပြောပါများရင် အမှားပါတတ်တယ်။
ဒီလိုအခြေအနေမျိုးမှာ နှစ်ဖက်လုံး စကားတွေ
ကျွံမရအောင်မလွန်ခင်လေး တစ်ဖက်ဖက်က
နောက်ဆုတ်ရှောင်ထွက်လိုက်တာ အကောင်းဆုံးပဲ။

ကောင်လေးကို ဒူးအောက်မှနေ အသာလေး
ပွေ့ချီပြီး သူတို့နှစ်ယောက်အိပ်ခန်းထဲရှိ ကုတင်ပေါ်
ချပေးလိုက်ပြီးနောက် ဖူးယောင်နေပါတဲ့
လက်ဆစ်လေးတွေကို သတိထားမိချိန်
ရင်ထဲဘယ်လိုမှ နေလို့ထိုင်လို့မကောင်းတာပင်။

အယောင်ကျဆေးလေး လက်ဆစ်လေးတွေပေါ်
ဖွဖွပွတ်လိမ်းပေးချိန် နာရှာလို့ထင်။ မျက်ခုံးတန်း
ညီညီလေးတွေက တွန့်ကွေးကုန်တော့
ရှောင်းကျန့်မှာ ဆေးမြန်မြန်ခြောက်အောင်လို့
နှုတ်ခမ်းဖြင့်မှုတ်ပေးရင်း ကောင်လေး
လက်ဖမိုးကို တန်ဖိုးထားရလွန်းလို့ အထိအခိုက်
အပွန်းအပဲ့လေးတောင် မခံနိုင်လွန်းသည့်
ကြွရေုပ်လေးတစ်ရုပ်လို ဖွညှင်းညှင်းလေး
နမ်းရှိုက်မိတော့သည်။

"မင်းကို ထိခိုက်လာရင် ကိုယ်ဘယ်သူ့ကိုမှ
ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ပေါင်ပေ့...ဒါကြောင့်မို့
မင်းကပဲဖြစ်ဖြစ် ကိုယ့်ကို လက်မလွှတ်လိုက်ပါနဲ့...
မဟုတ်ရင် မင်းသိပ်ချစ်ရတဲ့ မင်းကိုကို,ကို
မင်းကိုယ်တိုင်ပဲ မုန်းတီးစက်ဆုပ်သွားနိုင်တဲ့
မျက်နှာစာမျိုးတွေ ကိုယ်ပြမိသွားနိုင်တာဖြစ်လို့...
မင်းကြောင့်နဲ့မှ ပြောင်းလဲခဲ့တဲ့လူကို
မင်းကပဲဖြစ်ဖြစ် အခုလို ဆက်ဆွဲထားပေးပါ..."

အချိန်က စကားပြောတယ်ဆိုသော်ငြား
သူတို့နှစ်ယောက်ကြားမှာ လိုအပ်နေသေးတဲ့
ကွက်လပ်သေးလေးကို အခုချိန်ထိ
မဖြည့်စွက်သေးပဲ အပေါက်အတိုင်းပဲ
ချန်ထားမိနေတာ ရှောင်းကျန့်ဖြစ်မှန်းလဲ
ကိုယ့်ဟာကိုယ် သိပါတယ်။

My baobei always thought that I didn't love him Where stories live. Discover now