31-12-2019
20:00 P.M
Italy, FCO => China, PEK
(၁၀)နာရီ ခဲွမျှ ကြာမြင့်သော ခရီးစဉ်အဆုံးမှာ ဘေဂျင်းလေဆိပ်သို့ လေယာဉ်တစ်စီး ထိုးဆိုက်လာပြီဖြစ်သည်။
နှစ်ကူးရက်မို့ ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ်နေသော လူများကြားမှ လူတစ်ဦး ထိုးထွက်လာသည်။ မြင့်မားသော အရပ်၊ ကျစ်လျစ်နေသော ခန္ဓာကိုယ် ဖဲွ့စည်းမှုနှင့် ထိုလူက တစ်ကိုယ်ရည်စာ အိတ်တစ်လုံးကို ပုခုံးတစ်ဖက်ပေါ်သို့ လက်နောက်ပြန်ဖြင့် ကပိုကရို ချိတ်ဆဲွထားသည်။ လက်တစ်ဖက်ကိုတော့ အပေါ်ကထပ်ဝတ်ထားသော Jacket ရဲ့ အိတ်ကပ်ထဲ ထည့်ထား၏။ ပါးသိုင်းမွှေး ရေးရေးထင်နေသော မေးရိုးတို့က တလှုပ်လှုပ်ဖြင့် ပီကေဝါးနေပုံရလေသည်။ ဖြစ်သလိုထုံးဖဲွ့ထားသော ဆံပင်ရှည်တို့က ကပိုကရိုကျနေပြီး ဘယ်လိုအထာမှန်းမသိစွာပဲ ညဘက်ကြီး နေကာမျက်မှန်တပ်ထားသော်လည်း ထိုလူကဖြင့် မိမိုက်နေလေသည်။ ထိုမျက်မှန်အောက်က မျက်ဝန်းနက်တို့က တစ်ဖျတ်ဖျတ် လှုပ်ရှားနေပြီး တစ်နေရာအရောက်တွင် ခနမျှ စူးစိုက်ကြည့်ပီးနောက် ပီကေဝါးနေသော နှုတ်ခမ်းတို့က အပေါ်သို့ တဒင်္ဂမျှ မြင့်တက်သွားသည်။ တွေ့ပြီ။ လာကြိုနေတဲ့သူ။
လည်ပင်း အနောက်ဘက် နားရွက်အောက်နားလေးမှာ ဘားကုဒ် တက်တူးထိုးထားသော တစ်ဖက်လူက မြင်ပုံမရပေ။ သာမာန်လူတွေ အနေဖြင့် ရိုးရိုးဘားကုဒ်ဟု ထင်ရသော်လည်း နေကာမျက်မှန် တပ်ထားသော ထိုလူအတွက် ဒါဟာ သင်္ကေတ တစ်ခုဖြစ်လေသည်။
သူတို့ချင်းသာ သိနိုင်ပြီး အတိအကျအားဖြင့် သူ၏ မျက်ကြည်လွှာဖြင့် ဖန်တီးထားသော တပ်ထားဆဲ နေကာမျက်မှန်ဖြစ်သာ ဖတ်လို့ရနိုင်သော တစ်ဖက်လူ၏ ကိုယ်ေရး အချက်အလက်များ။
အမည်ရင်း - Wang Zhoucheng
လုပ်ငန်းသုံးနာမည်- Marius
အသွင်ယူ လုပ်ငန်း-တရုတ်မှာ Game Company တည်ေထာင်ထားပြီး နယ်မြေကွျမ်းကျင်မှုကွန်ယက် တည်ဆောက်ရန်
A-7 အဖဲွ့ဝင်
အဖဲွ့ဝင် နံပါတ် A71
လက်ရှိ ထပ်တိုး ဆောင်ရွက်ရမည့်တာဝန်ကတော့ နားရက်ရလာသော အဖဲွ့ဝင် A77အား တာဝန်ကျေပွန်ရန်။