Cha Eunwoo JungJaehyun JeonJungkookတို့ သုံးယောက်သားခေါင်းချင်းဆိုင်နေကြသည်။
"ဒီလိုမျိူးလေး ဆိုရင်ကော..."
Jaehyunက youtubeမှ vdအချို့ကို ပြလာသည်။
"ဟင့်အင်း....မကြိုက်သေးဘူး..."
Doctor kimကို လက်ထပ်ခွင့်တောင်းရန်အတွက် roဆန်မည့် နည်းလမ်းမျိုးစုံကို ပြကြည့်သော်လည်း JeonJungkookကတစ်ခုမှမကြိုက်။
"ဒီနည်းလမ်းလေးကော....ရိုးရိုးရှင်းရှင်းနဲ့မိုက်တယ်...အဲ့ဒီနည်းအတိုင်းလုပ်လိုက်တော့..."
Eunwooပြလာသည့်videoကို တစ်ချက်ကြည့်ကာ...
"အော...ရိုးလွန်းတယ်..."
JeonJungkookအဖြေကြောင့် သူငယ်ချင်းနှစ်ယောက်မျက်နှာမှာ မဲမှောင်သွားရသည်။
ဒီကောင်က အပူကပ်တုန်းက ကပ်ပြီး ဟ်ိုလိုလည်းမဟုတ်...ဒီလိုလည်းမဟုတ်။
"အေး...KimTaeHyung....ကျုပ်ကိုလက်ထပ်မလားလို့သာ ဒဲ့မေးလိုက်တော့!..."
Eunwooကစိတ်မရှည်စွာနှင့်
ဘုတောတောတော့သည်။အရေးကြီးကိစ္စရှိလို့ဟုဆိုကာ အသည်းသန်ချိန်းသည်။နောက်ပြီးတော့ doctor kimကိုလက်ထပ်ခွင့်တောင်းဖို့ romaticဆန်မည့်နည်းလမ်းကို ကူစဥ်းစားခိုင်းသည်။
Youtube,Googleခေါက်ကာအမျိုးမျိုးရှာဖွေပြီးအကြံပေးသော်လည်း သကောင့်သားမှာစိတ်တိုင်းမကျနိုင်သေး။
ဟိုလိုလည်းမဟုတ် ဒီလိုလည်းမဟုတ်တာကြောင့် အတော်လေးကိုစိတ်ပေါက်နေပြီဖြစ်သည်။
အဲ့ဒီကောင်က တမင်သက်သက်ခိုင်းစားနေတာ။
"ဟုတ်ပြီ..."
ထိုင်နေရာမှ လက်ဖျောက်တစ်ချက်တီးကာ ထရပ်လိုက်သည်မှာ အလန့်တကြား။
"အဲ့တာက ဘာဖြစ်တာလဲ...."
"ငါ အကြံရသွားပြီ....."
ထိုမျှသာဆိုပြီး နှုတ်မဆက်ဘာမဆက် ထ ပြန်သွားသည်။
"ဟာ!..ဟေ့ကောင်!...နေဦးလေ..."
သူတို့၏ ခေါ်သံကိုပင် ကြားပုံမပြတော့။
စားသောက်ထားသည်များကိုလည်းရှင်းပေးမသွား။