"ကဲ ကိုယ့်ကလေးလေး ကိုယ့်ပေါ်က မဆင်းတော့ဘူးလား"
"ကိုကိုကလဲ ခ ပင်ပန်းနေပါပြီဆို"
တကယ်လဲ ခ တော်တော် ပင်ပန်းသွားသည်။ကိုကို့မှာ မိတ်ဆွေ အဲ့ဒီလောက်များသည်တဲ့လား။တစ်ယောက်ချင်းလိုက်ပြီးမိတ်ဆက်ရတဲ့အပြင် အချိုးမပြေတဲ့ဟာတွေနဲ့ တွေ့ရင်လဲ ပညာကပြရသေးသည်။
အိပ်ပြန်ရောက်တော့ နေ့လည်သုံးနာရီရှိပြီ။မဂ်လာပွဲက မနက် ၉ နာရီကနေ ၁၂ အထိပဲဆိုပေမဲ့ ကိုကိုအဖိတ်ကောင်းလို့ ခ မှာ ကိုကို မျက်နှာ မပျက်ရအောင် ဧည့်ဝတ်ကျေနေရတာ။
ဟူး ပင်ပန်းလိုက်တာ ညကျရင်လဲ Dinner ရှိသေးသည်။ လင်ယူရတာ တကယ်မလွယ်တဲ့ အလုပ်ပဲ။
"ခန အိပ်မယ်နော် Dinner အချိန်နီးမှ ကိုယ်လာနိုးမယ် ခုတော့ ဟိုးမှာ ခ ရဲ့ ဒေါ်ဒေါ်ပြန်တော့မှာတဲ့ နှုတ်မဆက်တော့ဘူးလား"
"နှုတ်ဆက်မှာပေါ့ နှုတ်ဆက်မှာ အင့် ကိုကို ဖယ်"
"အဟင့် ကိုကို ချပေးလို့"
ခ ကိုတကယ် သာသာယာယာနှင့် အောက်ချပေးပါသည်။ဒါပေမဲ့ လူကို အသားယူကာမျက်နှာတစ်ခုလုံးကို သူ့စိတ်ကြိုက် တရွှတ်ရွှတ်နဲ့ နမ်းပြီး ပြောသွားတာက
"ကိုယ့်စိတ်ကိုလာမဆွနဲ့၊အရမ်းချစ်ဖို့ကောင်းအောင်မနေနဲ့၊ကိုယ်အဲ့လောက် သမာဓိအားမကောင်းဘူး" တဲ့
ကြည့်ရတာ ခ ကို အရင်က ကိုကို သည်းခံခဲ့ရတဲ့ အကြိမ်တွေနဲ့ပါ ပေါင်းပြီး မစာမနာ ချ !! အယ် မဟုတ်ပါဘူး၊လုပ်တော့မယ်ထင်တယ်။
ကိုကို က ခ ကိုအောက်ချပေးပြီး အကို Ram နဲ့စကားသွားပြောမှပဲ ခ စိတ်လွှတ်လက်လွှတ် နေနိုင်တော့သည်။ကိုကို့ပုံစံက တကယ်အတည်ပေါက်ကြီး လူကို အသေလုပ်မဲ့ပုံ။
"အဟင့် ပုရေ မပြန်ပါနဲ့...."
"သားရယ် ငိုပြန်ပြီလားကွယ်"
ဒီအိမ်ရောက်ထဲက ခ ဆိုတဲ့ကလေးလေး လူကို အတင်းချွဲနေတာ။ဒါတွေဟာ ဒေါ်ဒေါ်အတွက် မထူးဆန်းတော့ပါ။ဒီကလေးက ငယ်ငယ်ထဲက ဒီပုံစံပဲလေ။
ခုလဲ လူကို အတင်းဖက်ကာ ငိုနေပြန်ရော။ဒေါ်ဒေါ်သိပါသည်။ခ အားငယ် ဝမ်းနည်းနေတယ်ဆိုတာကိုပေါ့။ဖြစ်နိုင်ရင် တစ်ရက်တစ်နှစ်ရက် တူတူနေပေးချင်ပေမဲ့ ဂေဟာကလဲ ရှိသေးတာရယ် ဒီမှာကလဲ ကိုယ့်တူ ကိုယ့်သားအရွယ်တွေဆိုပေမဲ့ ယောကျာ်းသားတွေပဲရှိတာကြောင့် ဒီထပ်တော့ ပိုနေလို့မကောင်း။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.