Part:8

594 76 3
                                    

Unicode

လူတွေ တဖြည်းဖြည်းပြုံလာပြီး အခန်းရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ ဂျောင်ဂုက ထိုကျောင်းသားတွေကြားထဲက အတင်းတိုးထွက်ပြီး ထယ်ယောင်းအနားသို့လာခဲ့၏။

တစ်ချက်ကြည့်တော့ ခေါင်းအသာငြိမ့်ပြသည်။
ဘာလဲ သူငါ့ကိုသံသယမဝင်ဘူးလား။
ခေါင်းမာပြီးသာ ရပ်နေရပေမယ့် လူတွေရဲ့ တီးတိုးအပြစ်တင်ရှုံ့ချမှုတွေကြား ဟန်ဆောင်မာကြောပြရခြင်းက ပင်ပန်းနေတာအမှန်ပဲ။

"မင်း ငါ့ကို ဘာမှမမေးတော့ဘူးလား"

ဂျောင်ဂုက ခေါင်းခါပြသည်။ ဘေးမှာ သနားကမား ပါးတစ်ဖက်ကိုင်ပြီး ငိုနေတဲ့တစ်ယောက် နစ်နာသူ တစ်ဖြစ်လဲ ဆောင်းယွန်းဟွာကိုတစ်ချက်ကြည့်ကာ_

"ထယ်ယောင်းမလုပ်တာ ကျွန်တော်ယုံတယ်"

ထိုစကားမျိုးကို မမျှော်လင့်ထားခဲ့မိတာအမှန်။ တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှုကို အပြည့်အဝရထားသည့် ခံစားချက်က ဒီလိုမျိုးလား။

သေလောက်အောင် ထွက်ပြေးချင်နေတဲ့ သူ့စိတ်တွေ ဂျောင်ဂုစကားကြောင့် လွင့်ပျယ်ကုန်တယ်။
အခုချိန်မှာ ဆရာတွေနဲ့ စကားပြောယုံမကလို့ ပါမောက္ခချုပ်နဲ့ပဲ စာရင်းရှင်းရပါစေ ငါ့ဘက်မှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့အသိက ရင်ဆိုင်နိုင်ဖို့အတွက် ခွန်အားဖြစ်စေသည်။

ထိုပြသာနာကြောင့် ထယ်ယောင်းတို့ကို ဆရာ၊ဆရာမတစ်ချို့ခေါ်ယူ စစ်ဆေးသည်။ ဘေးမှာ ပါလာတဲ့ ဂျောင်ဂုကိုမြင်တော့ ဆရာမက တစ်ချက်ကြောင်သွားပြီး

"မင်းက ဘယ်သူလဲ"

"ထယ်ယောင်းသူငယ်ချင်းပါ"

"ဒီမေဂျာကတော့ဖြစ်ပုံမရဘူး"

"ဟုတ်ကဲ့ violin major က.."

ခေါင်းလေးကုတ်ပြီး ဟဲခနဲရီပြလိုက်သည်။
ထယ်ယောင်းနဲ့ ဆောင်းယွန်းဟွာကတော့ အကြည့်တွေနဲ့တင် တစ်ပွဲတစ်လမ်းဆက်နွှဲလို့ကောင်းတုန်း။

ဒီကိစ္စကို ပါမောက္ခချုပ်ဆီ အရေးတယူလုပ်ပြီး ခေါ်မသွားချင်တာမို့ ကိုယ်တွေ ဆရာ၊ဆရာမတို့ကပဲ တိုးတိုးတိတ်တိတ်ဖြေရှင်းဖို့ရာဆုံးဖြတ်လိုက်ကြသည်။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now