9. ကိုယ့်မြတ်နိုးရာရဲ့ ဦးစားပေးက~~~

1.2K 122 6
                                    

Unicode ver....

9. ကိုယ့်မြတ်နိုးရာရဲ့ ဦးစားပေးက~~~

"နတ်မင်းဆရာ ချန်ရိ ခင်များ ဒါ ဘာသဘောလဲ! "

"ကောင်းကင်မင်းကြီးက ဘာအကြောင်းကို များမေးချင်ပါသလဲ"

မနက်စောစော နေမင်း ထွက်လာတဲ့ အချိန်မှာတင် သူ့ဆီ ဒေါသတစ်ကြီး ရောက်လာတဲ့ ကောင်းကင္မင်းကြီးကြောင့် ချန်ရိတစ်ယောက် နားမလည်သလို ဆိုလာလေသည်။

သူ့ဘာသူအေးဆေးနေနေတာ ဘယ်သူ့ကိုမှလည်း ဒုက္ခပေးခဲ့တာမဟုတ်ဘူး မလား။

"ဘာ​ကို ဒေါသထွက်နေမှန်းမသိပေမဲ့ ကောင်းကင်မင်းကြီး ထိုင်ပါအုံး"

"အပိုမပြောနဲ့ ကျွန်တော့်ကို ဘာလို့ မပြောပြတာလဲ!"

"ဘာများလဲ ကောင်းကင်မင်းကြီးရဲ့"

ချန်ရိကိုယ္တိုင်လည်း ဒါကို နားမလည်ပါ။ ကောင်းကင်မင်းကြီးက ဘာကို ဆိုလိုချင်နေတာလဲ။

"ခင်များ မသိချင်ယောင်ဆောင်မနေနဲ့ ရှောင်းကျန့်ပြန်လွှတ်လာတာကို ဘာဖြစ်လို့ ကျွန်တော့်ကို မပြောတာလဲ!"

"သြော် အဲဒါလား ကောင်းကင်မင်းကြီးသိနေမယ်ထင်လို့ ကျွန်တော်က ဘာမှ မပြောမိတာပါ။ ကောင်းကင်မင်းကြီး ခွင့်လွှတ်ပေးပါ"

နတ်မင်းဆရာက သူ့ကို ခေါင်းငုံ့တောင်းပန်လာတော့ ကောင်းကင်မင္းကြီးက ချက်ချင်းဆိုသလို လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသွားလေသည်။

ဒေါသထွက်နေဟန်ရပေမဲ့ ဘာအတွက်ကြောင့်များ ကောင်းကင်မင်းကြီးရဲ့ မျက်ဝန်းက တလက်လက်တောက်ပနေပါသနည်း။ မသိရင် ငွေ့ရည်ဖွဲ့နေသည့်အလား။

နတ်မင်းဆရာက အေးဆေးနေပါသလောက် ကောင်းကင်မင်းကြီးက ထွက်နေတဲ့ ဒေါသကို ထိန်းနေရဟန်ပေါ်ပါသည်။

"ခင်များ သူ့ကို ကာကွယ်ပေးချင်လို့ ကျွန်တော် မသိရတာတော့ မဟုတ်ဘူးမလား။"

"အထင်တွေ လွှဲနေပါပြီ ကောင်းကင်မင်းကြီးရယ် ကျွန်တော်မျိုးက တန်ခိုးရှင်ကို ကာကွယ်ပေးမယ်ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။"

"ဒါဆို ဘာဖြစ်လို့ ကျွန်တော်က မသိရတာလဲ!"

"ခိုးလွှတ်လာတာမျိုး မဟုတ်ပဲ လွှတ်ချိန်တန်လို့ လွှတ်လာတာမလို့ ကောင်းကင်မင်းကြီး မသိရတာ ဖြစ်ပါလိမ့်မယ်။ ကောင်းကင် မင်းကြီးကလည်း တတ်နိုင်သလောက်စိတ်တွေ ထိန်းကြည့်ပါ တစ်ခါတစ်လေ အရာရာတိုင်းက ကိုယ္မြင်သလိုပဲ ဖြစ္နေတာ မဟုတ်ပါဘူး။"

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now