Ancestor„Watch Over Me

36 0 0
                                    

Chapter(1)ဂူဖောက်သူများ
ဘာသာပြန်သူ - K.M.A

''အို ကောင်းကင်ဘုံ''
''အို ကမ္ဘာမြေကြီး''
''အို ဘိုးဘေးတို့''

ကင်းမြှီးကောက်မြို့မှာ လျူမိသားစုက မိသားစုဘိုးဘေးတွေအတွက် ကလန်ခေါင်းဆောင်နဲ့အတူ မိသားစုထုံးတမ်းစဥ်လာများ ပြုလုပ်နေကြသည်။

ကလန်ခေါင်း​ဆောင် လျူတုံက စိတ်လှုပ်နေပုံရသည်။ဆုတောင်းသံများကို အမြန်ရွတ်ဆိုပြီးနောက် ပေါက်တူးကိုထုတ်ယူကာ ဘိုးဘွားအုပ်ဂူကို စတင် တူးဖော်ခဲ့သည်။အမွှေးတိုင်များကို နံ့သာပေါင်းမီးဖိုးတွင် စနစ်တကျ ရှိ မရှိကိုပင် မစစ်ဆေး နိူင်တော့ပေ။

အုတ်ဂူသည် လျူ မျိုးနွယ်စု၏ ပထမဆုံး ဘိုးဘေးအုတ်ဂူဖြစ်သည်။

.''မြန်မြန်တူးပါဟ''

''ပထမဘိုးဘေးကို အုတ်ဂူကဖော်ပြီး ငါတို့ကိုကယ်တင်မှာပါ''

ကလန်ခေါင်းဆောင်လျူတုံသည် သူ့ဘေးနားရှိ
မိသားစုကလန်အကြီးကဲ ခြောက်ယောက်နဲ့အတူ
အုတ်ဂူကို ပေါက်တူးဖြင့် တူးရင်း လှမ်းအော်သည်။ခြံဝင်းတခါးဝ ကို ခဏခဏပြန်ကြည့်ပြီး
မျက်နှာမှာ ကြောက်ရွံ့မှုများနဲ့ ပြည့်နေသည်။

ခြံဝင်းအပြင်ဘက်တွင် လျူမိသားစု တခုလုံးကို
သတ်ပစ်မည်ဟု ကတိပြုထားသည့်သူ လူတစ်ထောင်ကျော် ရှိနေသည်။ကုန်လွန်သွားသော မိနစ်တိုင်း အချိန်တိုင်းတွင် ကြောက်ရွံ့မှုများဖြင့် နိဂုံးချုပ်သွားသည်။

''ပထမဘိုးဘေး ၊ မင်းရဲ့သစ်စာမဲ့ သားမြေးတစ်စုကို ခွင့်လွှတ်ပါ''

''မင်းဆုံးပါးသွားကတည်းက လျူမိသားစု ဆုတ်ယုတ်သွားတယ်။ငါတို့အမွေနှစ်တွေ ဆုံးရှုံးသွားပြီ''.

''မင်းက လျူမျိုးနွယ်ရဲ့ ပထမဆုံးဘိုးဘေးဖြစ်ပြီး ပထမဆုံးရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူပါ။မင်းမှာ ရွှေကိုယ်ထည် ရထားတယ်လို့ မိသားစု စာအုပ်ထဲမှာ ရေးထားတယ်။ ပြီးတော့မင်းရဲ့ ကိုယ်ထည် အကာကွယ်အော်ရာနဲ့ ဘယ်သူမှ မင်းကို အနိူင်ယူနိူင်မှာ မဟုတ်ဘူး''

''ကျေးဇူးပြုပြီး ငါတို့ကိုခွင့်လွှတ်ပါ မင်းရဲ့သားမြေးတွေ ဒီနေ့ ရန်သူတွေကို တိုက်ခိုက်ဖို့ မင်းကိုလိုအပ်တယ်။''

AWO - Liu fanWhere stories live. Discover now