၂၈၂။ "ပဉ္စမရိုက်ချက် - ၄"

979 77 1
                                    

၂၈၂။ “ပဉ္စမရိုက်ချက် - ၄”

“မင်း ငါ့ကို တောင်းပန်မယ်ဆိုရင်, မင်း နာကျင်တာ နည်းပါးအောင် ငါ လုပ်ပေးမယ်၊ တကယ်တော့, မင်းလို တပည့်မျိုးက ငါ တကယ် နှစ်သက်တဲ့ တစ်စုံတစ်ယောက်ပဲလေ။” ခဲချန်ဂျုက တကော်ကော်ဖြင့် လှောင်ပြောင်သည်။ အစွမ်းကုန် ပွင့်လာသည့် ပန်းများလို ချောမောသည့် လူငယ်များက သူ နှိပ်စက်ညှဉ်းပန်းတာကို ခံရလို့ အသက်ရှင်သန်ဖို့ ရုန်းကန်နေရင်း ညှိုးနွမ်းသွေ့ခြောက်သွားကာ နောက်ဆုံးတွင် သေဆုံးသွားတာကို သူ နှစ်နှစ်ခြိုက်ခြိုက် ကြည့်ချင်သည်။

၎င်းလူငယ်များကို နာကျင်ခြင်းနှင့် ကြောက်ရွံ့ခြင်းက လွှမ်းမိုးသွားသည့် အခါမှာ, အထူးသဖြင့် သူတို့၏ ငယ်ရွယ်ပြီး လှပသည့် အသားအရေများက တွန့်ကြေလျှက် စုတ်ပြဲသွားသည့် အခါမှာ, သူက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေရတာကို အမြဲတမ်း အားရကျေနပ်ခဲ့သည်။

ဟွာယောင်းလည်း ခြွင်းချက်မရှိပေ။ သူ အသစ်ခေါ်ယူခဲ့သည့် တပည့်များထဲမှာ သူက အလွန်ကြည့်ကောင်းသူ ဖြစ်သည်။ ပထမဆုံးအကြိမ် သည်လူငယ်ကို မျက်စိရောက်သွားချိန်မှာ သူ့နှလုံးသားကို ထိုးဆွသွားခဲ့သည်။ သူ့စိတ်ဝိညာဉ်က သူ့ရှေ့မှ ထိုချောမောသည့် မျက်နှာကို ဆုတ်ဖြဲပစ်ဖို့ အော်ဟစ်တောင်းဆိုခဲ့သည်။ အဆိပ်ပြင်းပြင်းဖြင့် အရိုးဆွေးအောင် လုပ်ပြီး ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပစ်ချင်ခဲ့သည်။ လုံးဝဥဿုံ ဖျက်ဆီးပစ်ချင်ခဲ့သည်။ ထိုအလှတရားက အရှက်ကင်းမဲ့စွာ ကြွားလုံးထုတ်နေသည်မို့ သူ့မျက်စိထဲ အဆိပ်ဆူးဝင်ရောက်နေသလို ခံစားနေရပြီး သူ့ဝိညာဉ်မှာ တတိတိ ကိုက်ဝါးသလို ခံစားခဲ့ရသည်။

“အတော် နှေးတာပဲ” ချောမောသည့် လူငယ်က သွေးများ စီးကျနေရင်းဖြင့် ရုတ်တရက် ခပ်ဖြည်းဖြည်း ပြောလာသည်။

ခဲချန်ဂျုက ရပ်သွားသည်။ ဟွာယောင်းပြောသည့် ဆိုလိုရင်းကို သူက နားမလည် ဖြစ်သွားသည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя