ဒီ Fic လေးဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ဇာတ်အိမ်
လေး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ညီမလေးတစ်ဖြစ်လဲ သူငယ်ချင်းတစ်ဖြစ်လဲ Noelle ဆိုတဲ့ ကလေးမလေးရဲ့ အနုပညာလက်ရာမြောက်တဲ့ ဇာတ်အိမ်လေးဖြစ်ပါတယ်။ ဒီဇာတ်အိမ်ကျောရိုးကိုမှ ကိုယ်က ဇာတ်အိမ်တွေပေါင်းပြီး ထပ်လောင်းရေးသားခြင်းပါ။အပေါ်မှာ ပြထားတဲ့ သီချင်းလေးကို ဖွင့်ပြီး ဖတ်ရင် ပိုအဆင်ပြေကြလိမ့်မယ် ထင်ပါတယ်....♡♡♡♡♡
------------------------
ကြယ်တွေစုံတဲ့ညမှာ ကောင်းကင်ထက်က ကြယ်ရောင်စုံလေးတွေကြား ပျောက်ဆုံးနေတဲ့ ကြယ်လေးတစ်ပွင့်ကို ရှာကြည့်ခဲ့တယ်။
ရင်မှာနင့်လို့ အလွမ်းတွေသည်းလာတဲ့အခါ တိတ်တဆိတ်ရေရွတ်မိတာက..
"ကြွေလွင့်သွားရတဲ့ ကိုယ့်ရဲ့အလှဆုံးကြယ်ပွင့်လေး အာကာတစ်ခွင်လင်းပါစေ.."
•°••°••°••°••°••°••°•
စိမ်းရွှင်ရွှင်ဆေးနံ့တွေနဲ့ အရက်ပြန်နံ့တွေ မွှန်ထူနေတဲ့ အရေးပေါ်ခွဲစိတ်ကုသဆောင်။ မြင်တွေ့ရသမျှအရာရာဟာ ရုန်းရင်းဆန်ခတ်။
"Emergency!!! အကုန်ဘေးဖယ်ကြပါ မြန်မြန်! မြန်မြန်!"
ရုတ်ရုတ်သဲသဲနဲ့ ဝင်ရောက်လာတဲ့ ကုတင်ရဲ့ဘီးလုံးသံဟာ ခြောက်ခြားဖွယ်ရာ တကျွီကျွီ။ မြင်လိုက်ရတဲ့မြင်ကွင်းဟာ မြင်ရက်စရာမရှိ။ ဘီးတပ်ကုတင်တစ်ခုလုံးမှာ ရဲရဲနီနေတဲ့သွေးတွေအပြည့်။
သူနာပြုလေးတစ်ယောက်က လက်ကနေအောက်ဆီဂျင်ပိုက်ကိုကိုင်ကာ လက်ထောက်ဆရာဝန်လေးတစ်ယောက်က လူနာရဲ့ကုတင်ပေါ်မှာ ဒူးထောက်ထိုင်ကာ ရင်ဘတ်ကို အကြိမ်ပေါင်းများစွာဖိချနေသည်။
"ခွဲခန်းအဆင်သင့်လုပ်!!! မြန်မြန်!!!"
ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ လူအများရဲ့ အာရုံတွေဟာဆိုရင်လည်း ထိုလူနာကုတင်ဆီမှာသာ။
"ဟယ်...ဘယ်လိုဖြစ်ရတာလဲ?"
"Accident တဲ့...ကားမှာ လေအိတ်မပါတော့ အရှိန်နဲ့ရှေ့မှန်ကိုဆောင့်မိပြီး ကွဲသွားတဲ့မှန်စတွေနဲ့ စိုက်မိတာတဲ့ဟယ်.."
YOU ARE READING
𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙂𝙪𝙚𝙨𝙩 (Complete)
Romanceမျက်ရည်တွေကို Baby breath ပန်းတွေနဲ့ အတူ အိပ်ကပ်ထဲခေါက်သိမ်းလိုက်တယ်။ ကြွေလွင့်သွားပါတဲ့ ကြယ်ကလေး ခြောက်ပစ်ကင်းလို့ လင်းပါ့စေ။