CONFESSION

5.8K 410 37
                                    

[U]

"ကျန့်ကျန့် နင်တော့လုပ်ချပြန်ပြီ"

"အဲ..ဟဲဲဟဲ ငြိုငြင်လား"

"ဟဲ့ ဟဲ့ မသောက်နိုင်ဘဲ ထပ်မသောက်နဲ့တော့ ကန်တော့ပါတယ်"

"သောက်မယ် သောက်မယ်"

သွေးတွေပါဆောင့်တိုးလာသလိုခံစားရတယ်။ ဒင်းကိုbarမှာ မချိန်းလိုက်သင့်ဘူး။

အဲ့ဒီအချိန်မှာပဲ တခြားဝိုင်းက အလှလေးတစ်ယောက်က ရှောင်းကျန့်ရှိရာဆီတန်းတန်းမတ်မတ်
​လျှောက်လာတယ်။

"ဒီက အစ်ကို အဆင်ပြေရဲ့လား"

"ဘယ်သူ..ပါလဲ အေ့"

ကိုယ့်ကိုမြောင်းလာဖောက်တဲ့သူရှေ့ လေချဉ်တက်ပြတာတောင်
တစ်ဖက်မိန်းကလေးငြိုငြင်တာမခံရတာ ရှောင်ရှောင်းကျန့်ပဲရှိမယ်ထင်တယ်။

"ညီမကဟိုဘက်ဝိုင်းကပါ"

ကောင်မလေးလက်ညိုးထိုးရာကို ကြောင်စီစီနဲ့လိုက်ကြည့်တယ်။

"အစ်ကို့ကိုခင်ချင်လို့"

"အင်..အင်းး အစ်ကိုကလည်း ခင်းးပါ..တယ်"

လေသံသောက်တလွဲတွေဖြစ်တဲ့အထိ
လျှာတွေလိပ်ပြီးအာတွေလေးနေလည်း စော်ကြည်နှုန်းလျော့မသွားတာရှောင်းကျန့်ပဲ။ ကိုယ့်ကိုယ်ကိုယ်လည်းစောက်ချောကြီးလို့ပဲ
ခံယူထားတာ။

"ဒါဆို WeChat အကောင့်လေး addလို့ရလား"

"ဟာ..ရတာပေါးး"

ဖုန်းကိုထုတ်ပြီး အကောင့်ချင်းဖလှယ်နေကြတဲ့နှစ်ယောက်ကိုသာ ကျားယွီတစ်ချက်ကြည့်လိုက်ပြီး အမိမြေပေါ်ခြေပြန်ချတာ တစ်ပတ်သာရှိသေးတဲ့ မောင်ဖြစ်သူကိုဖုန်းဆက်ခေါ်လိုက်တယ်...
ဒုက္ခပေးဖို့ပါ။

"ဟယ်လိုမောင်လေး၊ ဒီအစ်မကိုလာကြိုပါဦး ကားမမောင်းနိုင်တော့ဘူး"

"........."

"မကြိုလည်းနေ ငါဒီဆိုင်မှာအိပ်လိုက်မှာ ဘေးမှာရှောင်းကျန့်လည်းပါ..."

တီခနဲကျသွားတဲ့ဖုန်းကိုကြည့်ပြီး ကျားယွီတစ်ချက်မဲ့လိုက်တယ်။ ရှောင်းကျန့်နာမည်ကြားတာနဲ့
ခုထိထွက်ပြေးချင်တုန်းလား။ စိတ်ထားမကောင်းတဲ့မောင်ငယ် ။ သူ(မ) က ဟိုငမူးကိုဘယ်ပုံဘယ်နည်း ထိန်းသယ်ရမှာလဲ။ ဘယ်လိုပဲကြံ့ခိုင်တဲ့မိန်းကလေးတစ်ယောက်
ဖြစ်နေပါစေ မူးနေတဲ့ယောကျ်ားလေး
တစ်ယောက်ကိုတွဲမကူနိုင်ပါ။

CONFESSION (Completed) Where stories live. Discover now