အပိုင်း ၁

165K 5.3K 373
                                    

ရစ်ပတ်နှောင်တွယ်....မောင့်ထံဝယ်
........................................................................

1930 in Rangoon( 1930 ,ရန်ကုန်)

ဇာတ်ရုံရှေ့ လက်မှတ်ရောင်းသောနေရာနှစ်ခုတွင် လူများကတန်းစီ၍ကြိတ်ကြိတ်တိုးနေသည်။

"နေကြပါအုံးဗျို...လက်မှတ်ကလူစေ့ရစေရပါ့မယ် အရမ်းမတိုးကြပါနဲ့"

လည်ပင်းထက်ရွှေလည်ဆွဲကြီးကိုဆွဲ၍ ပါးစပ်မှာလည်းဆေးတံကြီးကိုခဲထားသော နှုတ်ခမ်းမွှေးနှင့်လူကြီးက တန်းစီနေသောလူများကိုအော်၍သတိပေးလိုက်ခြင်းဖြစ်သည်။

"ယောကျ်ားမင်းသမီး တိမ်ညိုနှောင်း က အရမ်းလှတာတဲ့တော်ရေ။ ကျုပ်တော့ သူကတာမကြည့်ရရင်မပြန်ဘူးတော်"

"ကျုပ်ကတော့လေ ဇာတ်စင်အနောက်ထိသွားပြီး တိမ်ညိုနှောင်းကို သွားနှုတ်ဆက်မယ်တော့"

"ကျုပ် ဒီတစ်သက်ဖြင့် တိမ်ညိုနှောင်းလေးနဲ့သာပေါင်းဖက်ရရင်လေ အမလေး သေပျော်ပါပြီအေ"

"မိန်းမ သိက္ခာကိုမရှိဘူး"

အမျိုးသမီးများကထိုသို့တစ်ယောက်တစ်ပေါက်နှင့်ပြောဆိုနေကြသည်။

ထိုအပြောများပင်မကသေးပါ။ ယောကျ်ားသားများမှလည်းစကားသံများကပလုံစီနေသေးသည်။

"တိမ်ညိုနှောင်းဆိုတာ တကယ့်မိန်းကလေးကြနေတာပဲတဲ့ဗျ"

"ကိုယ့်လူရာ ကျုပ်ဖြင့်လေ တိမ်ညိုနှောင်းသာရလို့ကတော့ ဒီတစ်သက်မိန်းမမယူဘူးဗျာ။"

"ကျုပ်ကတော့ ဒီလို ယောကျ်ားမင်းသမီးလေးနဲ့တစ်ညလောက်ဖြင့် ချစ်တင်းနှောရလည်း မဆိုးပါဘူးဗျာ။"

ထိုသို့ယောကျ်ားသားများရဲ့ ညစ်ညမ်းသောစကားသံများကိုလည်း သူကြားနေရသည်။

နောက်ဆုံးတော့သူကိုယ်တိုင်သိချင်သဖြင့် ထိုသို့လူပြောများနေသော ယောကျ်ားမင်းသမီးတိမ်ညိုနှောင်း ဆိုတာ ဘယ်လိုလဲဟုသိချင်စိတ်ဖြင့် သူလည်း ပွဲလက်မှတ်ဖြတ်သည့်နေရာတွင်တန်းစီရန်ဝင်လိုက်သည်။

"ငါ့တူကြီးတို့ကတော့ နာမည်ကြီးလိုက်ပုံများ ယောကျ်ားမင်းသမီးတိမ်ညိုနှောင်းဆိုတာနဲ့ ပွဲခင်းထဲလူအပြည့်ဟေ့"

ရစ် ပတ် နှောင် တွယ်....မောင့် ထံ ဝယ် [Complete]Where stories live. Discover now