Part 38 ( Unicode )

9.6K 617 17
                                    

"Daddy......"

ကျစ် ! လူကိုနေရခက်အောင်ကွာ။ Daddy ဆိုတာ ဒီကလေး Ram နဲ့တူတူ နေတဲ့အချိန် သူ့ကိုခေါ်နေကြ။ နှစ်ယောက်ထဲရှိတဲ့ အချိန် လိုချင်တာရှိတဲ့အချိန် ချွဲတဲ့ အချိန်ရယ် အခုလို အိပ်ချင်မူတူးလေးဖြစ်ရင်လဲ ခေါ်တတ်သည်။

Ram တကယ်လဲ တစ်ညလုံး အိပ်မရခဲ့ပါဘူး။ Baby အိပ်တာကိုတစ်စိမ့်စိမ့်ကြည့်နေမိတာ။အဖျားလေးလဲရှိနေတော့ Baby ကတစ်ချက်တစ်ချက်ငြီးပြီး နိုးလာပေမဲ့ စောင်တွေအကုန်ကန်ထုတ်ကာ ပြန်အိပ်ပျော်သွား‌သည်။

ဒီ အိပ်ရာကျယ်ကြီးမှာ အလယ်က ဖက်လုံးလေးလဲ ကာထားသေးသည်။ သူ့အဖျား‌တွေကိုယ့်ကို ကူးမှာစိုးလို့တဲ့။ ရင်ခွင်ထဲ ထည့်အိပ်လဲ မရဘူးနော် ဆိုပြီး ပြန်ပြန်ထွက်သွားသည်။ ဒါလေးတွေကိုပဲ ချစ်နေရတဲ့ Ram ကတော့ မနက် ၇ နာရီရှိပြီ ခုထိ တစ်ရေးမှအိပ်မရသေး။

သိပ်ကိုမြတ်နိုးစရာကောင်းတဲ့ Baby ရဲ့နှုတ်ဖျားလေးကနေ ကိုယ့်ကို Daddy လို့ခေါ်ပြီး ဘေးဘီဘင်ကို သူ့လက်လေးနဲ့ ပုတ်ကာ တစ်ခုခုကိုရှာနေပုံထောက်ရင် သေချာပေါက် ဒါ သူ့ကို ရေတိုက်ခိုင်းတာ။

Baby ကိုရေတိုက်တဲ့ နည်းကတော့ လွယ်လွယ်လေးပါ။ခါးကနေ အသာပွေ့ပြီး ပါးစပ်ချင်းတေ့ကာ တိုက်ရုံပဲလေ။အဲ့လိုအချိန်ဆို Baby ကမျက်လုံးလေးကို ပိတ်ပြီး ဘာတွေကျေနပ်မှန်းမသိပြုံးနေတာ။

"အွန့် ‌Daddy တော်ပြီ"

"အင်းအင်း"

နေရာမှန်ပြန်ချပေးပြီး စောင်လေးဆွဲခြုံပေးကာ နှာဖူးလေးကို သာသာစမ်းကြည့်တော့ အဖျားက ပျောက်ရှာပါပြီ။ ဒယ်ဒီ့ကိစ္စသာဖြစ်မသွားခဲ့ရင် ဒီကလေးတွေကို သူတို့လေးတွေနေခဲ့တဲ့ ဂေဟာကို လိုက်ပို့ပေးရမှာ။ ပြောထားတာကြာနေပြီဖြစ်ပြီး Baby ကိုလဲ အပြင်ကို ကိုယ်မပါပဲသွားခိုင်းရမှာ စိတ်မချတာကြောင့် RENO နဲ့တိုင်ပင်ပြီး တစ်ရက်လောက်တော့ အကုန်တူတူသွားကြမယ်ဆိုပြီး ဆုံးဖြတ်ထားသည်။

ဒါပေမဲ့ Baby နေမကောင်းတာအရှင်းမပျောက်သေးရင်တော့ ပူဆာတော့မှာ သိပေမဲ့ စိတ်ဆိုးစိတ်ကောက်တာခံပြီး တားရဦးမည်။

ʀᴇɴᴏWhere stories live. Discover now