Ep 04
Uni+Zaw
Uni
နှင်းစက်မှုန်များလို ဆွတ်ဆွတ်ဖြူနေသော အသားအရေတွင် ထင်ရှားပေါ်လွင်သော မေးရိုးနှင့်မျက်နှာကျ။ အေးစက်ခက်ထန်သည့်မျက်လုံးတစ်စုံ။ဒေါင်းလွမ်းဏီကျောထဲ စိမ့်ခနဲခံစားလိုက်ရသည်။ သခင်ကြီးဆိုသော ထိုသူသည်အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးဖြစ်သည်။
ညက အဖိုးအိုပြောနေပုံအရ သခင်ကြီးဆိုသူကို အသက်ကြီးကြီးအရွယ်ဖြစ်မည်ထင်ထားသော်လည်း အခုလက်ရှိမြင်တွေ့လိုက်ရချိန်တွင် အလွန်ဆုံးရှိမှ ၃၅ ဝန်းကျင်လောက်သာရှိသည့်ယောက်ျားတစ်ဦးဖြစ်နေသည်။
ခမ်းနားတင့်တယ်မှုနှင့် ဂုဏ်အရှိန်ဝါတို့သည် သခင်ကြီးဆိုသည့် အခေါ်အဝေါ်အသုံးအနှုန်းနှင့် လိုက်ဖက်ညီစွာ တည်ရှိနေသည်။ထို့အပြင် ရုပ်ရည်လက္ခဏာမှာလည်း တွေ့တွေ့ချင်းတစ်ခဏ၌ပင် ယောက်ျားပီသလွန်းစွာ ချောမောကြောင်း ကောက်ချက်ချမိသည်။
လှေကားပေါ်မှ တစ်လှမ်းချင်းဆင်းလာသော သခင်ကြီးကိုကြည့်ပြီး ဒေါင်းလွမ်းဏီအံ့သြမှင်သက်နေမိသလို ကြက်သီးတို့တဖြန်းဖြန်းထကာ ဘာကိုကြောက်လို့ ကြောက်မှန်းမသိ တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။မြင်ရုံနှင့် တန်ဖိုးကြီးမှန်းသိသာသည့် ရွှေရောင်ပန်းကနုတ်များစီခြယ်ထားသော ကြက်သွေးနီရောင် အင်္ကျီနှင့် ဘောင်းဘီကိုဝတ်ဆင်ထားသည်။ တဖျတ်ဖျတ်လက်နေသော စိန်ကြယ်သီးများနှင့် ခပ်ရှည်ရှည် အပေါ်ထပ် အနက်ရောင်အမွှေးပွ ဝတ်ရုံလွှာကိုလည်း လွှမ်းခြုံထားလေသည်။
အရှိန်အဝါတို့သည် စံအိမ်ကြီးနှင့်ပနံသင့်စွာ ခမ်းနားကြီးကျယ်နေသော်လည်း ရေခဲတောင်ပမာ အေးစက်မာကျောနေသော သခင်ကြီးကိုကြည့်ပြီး ရောင်နီလင်းနေပြီဖြစ်သော မနက်ခင်းမှာပင် မှောင်မိုက်သွားသလို ဒေါင်းလွမ်းဏီခံစားလိုက်ရသည်။
" မနက်စာ ပြင်ထားပြီးပြီလား "
" အားလုံးအဆင်သင့်ပါပဲ သခင်ကြီး "
ထို့နောက် သခင်ကြီးသည် ထမင်းစားခန်းဆီ ဦးဆောင်လျှောက်သွားတော့ အဖိုးအိုနှင့် ဒေါင်းလွမ်းဏီလည်း လိုက်လာကြသည်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...