Zawgyi Version
ရိပေါ်က ဒီနေ့မနက်တော့ အခါတိုင်းနှင့်မတူစွာ
ပိုလို့တောင် တက်ကြွလို့နေသည်ပင်။ ဘာလို့ဆို
သူ့ရဲ့ချစ်လှစွာသော ကိုကိုက ဒီနေ့ညဆို
သူတို့နှစ်ယောက်အိမ်လေးဆီ ပြန်လာတော့မယ်
လေ။ကိုကို့ဆီ အစားခံရတော့မယ့်အရေးတွေးပြီး
ပိုလို့ရင်ခုန်စိတ်လှုပ်ရှားနေမိတာ လုံးဝလုံးဝ
မဟုတ်ကြောင်း ရိပေါ် ကျိန်ပြောရဲပါတယ်။ဒါရိုက်ဘာလီကိုတောင် ညနေကျ
ကိုကိုပြန်လာရင် ညစာအတူစားမှာမို့
ကိုကိုကြိုက်တတ်တာလေးတွေ ဝယ်လာပို့ဖို့
မှာလိုက်သေးသည်ပင်။ကျောင်းဝင်းထဲဝင်လာတော့ ခါတိုင်းနှင့်မတူ
ကျွတ်စီကျွတ်စီအသံတွေက ဟိုတစ်ကွက်
ဒီတစ်ကွက် ထွက်နေကြသည်ဖြစ်လို့ ရိပေါ်က
အထူးတဆန်းဖြစ်သွားချေသည်။ဘာများသတင်းထူးရှိလဲမသိ။ ကိုယ်က
နဂိုတည်းက သိပ်ပြီးလဲ ဟိုစပ်စပ်ဒီစပ်စပ်
ပါတတ်တဲ့လူစားမျိုး မဟုတ်တော့ အရမ်းကြီး
စိတ်ဝင်တစား သိချင်တာမျိုးတော့ မဟုတ်ပါဘူး။
မဟုတ်လဲ တစ်ခုခုထူးတာရှိရင် အတန်းထဲ
ရောက်တာနဲ့ ဟိုကောင်သုံးကောင် သူ့ဆီ အလိုလို
သတင်းလာပို့ကြမှာပင်။ရိပေါ်ကတော့ သဘောရိုးသာတွေးလို့
သူ့သူငယ်ချင်းတွေအတွက် အဆာပြေ
ကော်ဖီနဲ့ပေါင်မုန့်တွေတောင် သွားဝယ်ပေးဖို့
ဆုံးဖြတ်လိုက်သေးတာရယ်။သူတို့မေဂျာရဲ့ ကန်တင်းကောင်တာမှာ
ငွေရှင်းနေတုန်း ဘာရယ်မဟုတ် ရိပေါ်စိတ်ထဲ
မသိုးမသန့်ကြီး ခံစားလာရတာရယ်။ ကန်တင်းထဲ
ရှိနေသမျှ အာရုံတွေအကုန်က သူ့ပေါ်ကိုပဲ
စိုက်ရောက်နေသလိုမျိုးလေ။ရိပေါ်က ကျောင်းမှာဆို ကိုယ့်ဘော်ဒါတွေနဲ့
ကိုယ်သာနေတတ်ပြီး သာမန်အနေအေးတဲ့
ကျောင်းသားစာရင်းထဲဝင်သူရယ်။ တစ်ခါမှ
ဒီလောက်ထိ အာရုံစိုက်ခံရတာမျိုး မကြုံဖူးဘူး။စိတ်ထဲတစ်မျိုးတော့ဖြစ်သွားပေမယ့် ဒီအတိုင်း
သူစိတ်ထင်နေတာ နေမှာပါလေဆိုပြီးသာ
ငြွေမန်မြန်ရှင်းလို့ ထွက်လာလိုက်တော့သည်။
VOUS LISEZ
My baobei always thought that I didn't love him
FanfictionJust an annoying day with an annoying person.But, wonderful moments have begun from every little seconds I spent with that annoying person.The name of that annoying person starts with X and his favourite hobby is to tie me down in bed wether I agree...