Zawgyi
" ဒါလင့်အတွက် မွေးနေ့လက်ဆောင် "
***
အခုရက်ပိုင်းတော့ အဏ္ဏဝါက နည်းနည်းလန်းလန်းဆန်းဆန်းဖြစ်လို့လာလေပြီ။
အစားအသောက်ကိုလည်း ရှောင်သင့်တာရှောင်၊ ထိန်းညှိပြီးစားဖြစ်နေတာကြောင့် အဆင်ပြေနေပြီး အားမရှိတာမျိုးတို့၊ တခြားကြီးကြီးမားမားပြဿနာတို့လည်းရှိမနေတာမို့ နေရထိုင်ရသက်သာလာခဲ့၏။ ဒါကြောင့် ရုံးလည်း ပုံမှန်သွားနေနိုင်၏။ ပွဲသွားပွဲလာတွေကိုတော့ နည်းနည်းရှောင်ပေမယ့် အိမ်ရာစီမံကိန်းက စတင်လည်ပတ်နေပြီဖြစ်တာကြောင့် အသွားအလာလုပ်ရတာတွေ၊ စီမံရတာတွေကတော့ များနေ၏။အခုလည်း ပူးတွဲရသွားခဲ့သည့်တစ်ဖက်က ကုမ္ပဏီနဲ့ အစည်းအဝေးလုပ်နေတာဖြစ်ပြီး အရေးကြီးအစည်းအဝေးတစ်ခုပေမို့ ဟိုဘက်ဒီဘက် တာဝန်ရှိသူတွေနဲ့တက်ရောက်သူတွေက တော်တော်လေးများသလို အဏ္ဏဝါကလည်း ကိုဝေယံအပြင် လက်ထောက်အတွင်းရေးမှူးကိုပါ ခေါ်ထားရ၏။
အကြိတ်အနယ် အာရုံစိုက်ဆွေးနွေးနေကြစဉ်မှာ အပြင်ဘက်တံခါးနားကနေ ခပ်ကျယ်ကျယ်အသံတွေကို ကြားလိုက်ရတာကြောင့် အားလုံး အာရုံပျံ့သွားပြီး ခေါင်းထောင်သွားကြ၏။
အားလုံး စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် အဏ္ဏဝါကတော့ အခန်းရှေ့မှာစောင့်နေပေးသည့်ဝန်ထမ်းကို စိတ်ထဲကနေတစ်ချက်ကြိမ်းမောင်းလိုက်မိစဉ်မှာပဲ တံခါးကို ဝုန်းကနဲတွန်းဖွင့်ပြီး သူ့ကိုအော်ခေါ်လာသူက သူ့ယောက်ျားလေးသာဖြစ်နေ၏။
"ဒါလင်! ဒီကိစ္စကို အခုရှင်း! မင်းခြေရှုပ်နေတာလား! ငါတစ်ယောက်လုံးရှိနေတာကို တခြားမိန်းမကို ဖက်ရဲတယ်ပေါ့! အဲ့မိန်းမက ဘယ်သူလဲ! "
"ရှန်း ရှန်းလေး"
ရုတ်တရက်ကြီး အော်ပြောလိုက်သည့်စကားတွေကို လန့်သွားသူက အဏ္ဏဝါတစ်ယောက်တည်းမဟုတ်၊ စားပွဲရှည်ကြီးမှာထိုင်နေသည့်ပုဂ္ဂိုလ်အားလုံးရောပင်ဖြစ်လေ၏။ မျက်လုံးအပြူးသားနဲ့ ခေါင်းတွေက အငိုမျက်နှာဖြစ်နေသည့်ရှန်းဆီကိုသာ ဦးတည်ရာတစ်ဖက်တည်း။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...