Part - {44}

2.1K 243 4
                                    

ကျွန်တော် ဒီစာလုံးတွေကို မြင်တဲ့အချိန် ထူးဆန်းသလို ခံစားရပြီး ဖျက်ဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ အနီရောင်အသည်းပုံလေးကို မြင်တော့ ဖောင်တိန်ကို ပြန်ချထားလိုက်တော့တယ်။ ကျွန်တော် မလုပ်ချင်ပေမဲ့လည်း ဖျက်ပစ်လိုက်တယ်။ ဟေးလ်က အီဗန်ရဲ့ ဘယ်ဖက် လက်ကောက်ဝတ်ကို ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်တယ်။
(T/N : ဟေးလ် နာမည်ကို ချရေးလိုက်တုန်းက သူ့ကိုယ်သူ ရည်ညွှန်းပြီး ရေးတာ မဟုတ်ပဲ မူလဟေးလ်ကို ရည်ညွှန်းပြီး ရေးခဲ့တာမလို့ ဖျက်ပစ်လိုက်တာပါ။)

နားချိန်ရောက်တော့ ကာမန်ကို ဆေးပေးခန်းကနေ ရေခဲယူလာပေးဖို့ အကူအညီ တောင်းလိုက်တယ်။ ရူဒယ်က ကျောင်းမှာ မရှိတော့ဘူးဆိုပေမဲ့ ဆေးပေးခန်းကို သွားရမှာ ကြောက်နေတုန်းပဲ။ ရေခဲအိတ်က အီဗန်ရဲ့လက်ကို နဂိုကထက် အများကြီးသက်သာသွားစေတယ်။ အီဗန် အဲ့ဒီ့လက်ကောက်ဝတ်ကို အုပ်ကိုင်ပြီး နေ,နေစရာ မလိုတော့တာမို့ ကျွန်တော် တကယ် ပျော်သွားတာ။

“ဟင်း” သက်ပြင်းချလိုက်တယ်။

စိတ်ခံစားချက် မျိုးစုံက ကွဲထွက်သွားတယ်။ စိတ်ရှုပ်ဖို့ ကောင်းလောက်အောင်လေ။ ကျွန်တော်သာ အာရုံတစ်ခုတည်းပဲ ထားနိုင်ရင် ကောင်းမှာ။ အကယ်၍ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုနဲ့ နှစ်သက်သဘောကျမှုစတဲ့ စိတ်ခံစားချက်တွေအပေါ်ပဲ အာရုံစိုက်နိုင်ရင် နေရတာ၊ ခံစားရတာ ပိုသက်သာလာနိုင်မလား? ကြောက်လန့်နေတဲ့ ခံစားချက်ကို မြန်မြန်ဖျောက်ပစ်နိုင်ပါ့မလား?

‘ငါမင်းကို သဘောကျတယ် အီဗန်။’*ကိုယ့်ဘာသာ အသံမထွက်ဘဲပြော။

မှော်ဝင်ဂါထာတစ်ပုဒ် ရွတ်ဆိုလိုက်သလိုမျိုး နှုတ်ခမ်းတွေကို လှုပ်ရှားလိုက်တယ်။ အတန်းချိန်မလို့ ဘာအသံမှတော့ မထွက်လာဘူး။ အနက်ရောင်သင်ပုန်းပေါ်မှာ ရေးခြစ်ထားတဲ့ အဖြူရောင်စာလုံးတွေကို ငေးကြည့်နေလိုက်တယ်။ အီဗန်ရဲ့လက်က ကျွန်တော့်မှတ်စုအပေါ် ရောက်လာပြန်တယ်။

“ငါကောပဲ”*စာရေး။

အဲ့ဒီ့စာလုံးနှစ်လုံးကို မြင်လိုက်ရတော့ တစ်ကိုယ်လုံး တွန့်လိမ်သွားတယ်။ စားပွဲခုံက လှုပ်ခါသွားပြီး မှတ်စုစာအုပ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ သူက ကျွန်တော် ကိုယ့်ဘာသာ အသံမထွက်ဘဲ ပြောနေတာလဲ မြင်တာပဲလား? အီဗန်က ကျွန်တော် လည်စလုတ်အထိပါ ရဲတက်လာတာကို မြင်တော့ ပြုံးလိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)حيث تعيش القصص. اكتشف الآن