(Warning: ဖတ်ပြီး ဘဲ လိုချင်သွားပါက အကျွန်ုပ်နှင့်လားလားမှမဆိုင် 😐 )
အဟမ်း....ကျနော်က သာမာန် ကောင်လေးတစ်ယောက်ပါ
အဲ့... ခင်ဗျားတို့နဲ့ မတူတာကတော့
ကျနော့်မှာ ကျနော်ဘယ်လိုဆိုးဆိုး သဲသဲလှုပ်ချစ်နေပေးတဲ့ ကိုကိုတစ်ယောက်ရှိနေတာပဲကိုကိုနဲ့ ကျနော် ဘယ်လိုဆုံတွေ့ဖြစ်ကြလဲဆိုတော့......
ကျနော်က နည်းနည်းမျောက်လူးလဲ စပ်စလူးဖြစ်နေတာကလွဲရင် ချစ်စရာကောင်လေးပါ
တစ်နေ့ ကျနော်တို့ အိမ်ရှေ့ကတိုက်အသစ်လေးကို မိသားစုတစ်စု ပြောင်းရွေ့လာခဲ့တယ်
ကျနော့်ထက်အသက်နည်းနည်းပိုကြီးတဲ့အကိုတစ်ယောက်လည်း ပါကြောင်း စပ်စုရင်းမှ လည်း သိရှိရသည်
ကျနော်တို့အနားပတ်ဝန်းကျင်မှာ ရွယ်တူ သူငယ်ချင်းတွေရှိပေမယ့် သိပ်မဆော့ဖြစ်
အသက် ၁၀နှစ်အရွယ် ကျနော်က ကျန်းမာရေးအရ သိပ်ပြီးမသန်မာတာကြောင့် သူတို့က မဆော့ချင်ကြတာပါဒီလိုနဲ့ ဆော့ကစားနေကြတဲ့ ကလေးအုပ်စုနှင့်မလှမ်းမကမ်းနေရာတစ်ခုဖြစ်တဲ့ သစ်ပင်အောက်တွင်ထိုင်နေရင်း မြေကြီးကိုတုတ်တစ်ချောင်းဖြင့်ထိုးဆွနေလိုက်သည်
........................
အဖေနဲ့အမေ လုပ်ငန်းအတွက် အိမ်ခနခနပြောင်းရလေ့ရှိသည်
ဒီတစ်ခါနောက်ဆုံးဟုပြောသော်လည်း ယုံမိပြန်ပါသေးသည်အရင်နေခဲ့တဲ့ မြို့နဲ့ ယှဉ်ရင် အခုနေရာလေးက
သာမာန်ရပ်ကွက်လေးသာဖြစ်တာမို့ နည်းနည်းတော့ ဘဝင်မကျ
သူငယ်ချင်းအပေါင်းအသင်းဆိုလို့လည်း အတည်တကျမရှိကိုယ်တိုင်ကလည်း အနေအေးသူမို့ ဒါကသိပ်တော့မခက်ခဲလှ
သို့ပေမယ့် သူလိုအပ်နေတာက Game ဆော့ဖို့ Partner တစ်ယောက်
အိမ်အပြင်ထွက်လိုက်ကာ ကြည့်မိတော့ သူ့ထက်နည်းနည်းသာငယ်မည့် ကလေးတစ်အုပ်စုကဆော့ကစားနေကြသည်
ထိုကလေးအုပ်စုနှင့် မလှမ်းမကမ်းနေရာမှာ ထိုင်နေသည့်ကောင်လေး
YOU ARE READING
Ko Ko
Randomကလေးငယ်နှင့် သူ့ကိုကိုတို့၏ တစ်ထောင့်တစ်ည အချစ်ဇာတ်လမ်းတိုများ ကလေးငယ်နှင့် သူ့ကိုကိုတို့၏ တစ်ထောင့်တစ်ည အချစ်ဇာတ်လမ်းတိုများ [Simple and Short Stories Collection] -MEOW[20.11.2022]