အပိုင်း ၁

10.5K 717 8
                                    

Unicode

  
စန်းယွမ်ယွမ်တစ်ယောက် သူမဟာ နိုဗယ်ထဲကို ဝိညာဥ်ကူးပြောင်းလာသူများ၏သမိုင်းတစ်လျောက်မှာ အသက်အတိုဆုံးတစ်ယောက်ဖြစ်လာမည်ဟု ခံစားနေရသည်။
  
တခြားအမြောက်စာတွေဟာ အနည်းဆုံးတော့ စာအုပ်၏ တစ်ဝက် သို့မဟုတ် အပြည့်နီးပါးလောက် နေနိုင်ကြသေးသည်။သူမကတော့ သိပ်ကိုကံထူးလွန်း၏။ သူမကူးပြောင်းလာသည့် စာအုပ်၏ ပထမဆုံးအဖွင့်စာမျက်နှာမှာ ရေးထားသည်က----

  【စန်းယွမ်ယွမ် သေပြီ】ဟူ၍။

ချထားတဲ့ဇာတ်ညွှန်းအစီအစဥ်က ရှင်းလင်းနေရော်နော်!
  
လက်ရှိမှာတော့ သူမဟာ အလွန်အမင်းနွေးထွေးကာ သက်တောင့်သက်သာရှိသည့် တိမ်လွှာကုတင်ပေါ်မှာ တည်တည်ငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ်လဲလျောင်းရင်း သေခြင်းတရားကို စောင့်မျှော်နေလေသည်။
       
တိမ်လွှာကုတင်ပတ်လည်မှာတော့ ပါးလျကာထွင်းဖောက်မြင်နေရသည့် ခန်းစီးကို ပုစဥ်းရင်ကွဲတောင်ပံများကဲ့သို့ပါးလျသော ရောင်စုံသလင်းကျောက်ချည်မျှင်များဖြင့် အတွန့်အတွန့်ပုံစံ တွဲလျောင်းချထားပြီး ထိုအပေါ်မှာ ထိုးထားသည့် ပန်းအဆင်အကွက်များမှာလည်း သူမတူအောင်လှပကာ သိမ့်မွေ့ပြီး လေထဲမှာ ​မြောလွင့်နေသလား ထင်ရသည်။အမိုးထက်မှာလည်း ကျောက်စိမ်းခေါင်းလောင်းသေးသေးလေးများ ချိတ်ဆွဲထားကာ ရံဖန်ရံခါမှာ သာယာသည့်အသံလေးများ ပေါ်ထွက်နေလျက်ရှိသည်။
  
ထုတ်ကြွားစရာမလိုလောက်အောင် လက်ဖွာပြထားပြီးမှ မသိမသာလေးလျိုထားသော အလွန်အမင်း ထိန်းသိမ်းထားသည့် စည်းစိမ်ရှိရှိနေထိုင်မှုပုံစံတစ်ခုပါပေ။
  
ပါးလျလျ ခန်းစီးအပြင်ဘက်မှာတော့ ရွှေဝါရောင်အလင်းတန်းတစ်ခုက ခေါက်တုံ့ခေါက်ပြန် လင်းလက်နေပြီး ယင်းက အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ဖြစ်နေသည်။
  
စန်းယွမ်ယွမ် ထိုအမျိုးသမီး ဘယ်သူလဲ သိသည်။ ယုံးပြည်နယ်ဘုရင်၏ တော်ဝင်ညီမတော် ယုံးယင်ယွဲ့ပင်။ ထိုတစ်ယောက်ဟာ စိတ်ကြီးဝင်ကာ မောက်မာလွှမ်းမိုးတတ်ပြီး တစ်ဇွတ်ထိုးနိုင်ကာ အာဏာပြတတ်သည်။ကမူးရှုးထိုးနိုင်ကာ အကျိုးဆက်ကို ဘယ်တော့မှ မစဥ်းစားတတ်သော ထိုအထက်တန်းစား မမလေးဟာ ဟန်ရှောင်လင်၏ ကိုယ်လုပ်တော်လည်းဖြစ်ကာ ရက်စက်ကြမ်းကြုတ်လှသော ဒုတိယအမျိုးသမီးဇာတ်ပို့တစ်ယောက်လည်း ဖြစ်ပေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now