အလှူရေစက်ချ တရားနာပြီးချိန်တွင် မနက်10နာရီခန့်ရှိနေလေပြီ။
ဆရာမကြီးက နေ့လယ်ကျောင်းကိုပါ ပိတ်ပေးလိုက်ပြီး ညနေမှ guide ချိန်ရှိကြောင်း ကြေညာလိုက်တာကြောင့် အားလုံး ဟေးခနဲပင် ထ အော်လိုက်မိကြ၏။
အဆောင်ဆီ ပြန်လာကြသည့်ခြေလှမ်းတို့က တက်ကြွနေကြလျှက်...
အိုးစည် ဒိုးပတ်တီးကာ သောင်းကျန်းထားကြသည့် လွင်ပြင်တို့အဖွဲ့က ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချနေ၏။
"ဟင်း တီစိုးကလည်း ဘယ်သွားနေလို့လဲ မသိပါဘူး"
ခုတင်ပေါ်ရောက်လျှင်ရောက်ချင်း ခေါင်းအုံးနှစ်လုံးကို ခပ်လျောလျောမှီထိုင်လိုက်ရင်း ခြေဆန့်ကာ ငြီးငြီးငြူငြူလေး ဆိုလာသည့်မှန်သားရယ်ပါ...
တီစိုးဆိုသည်က ဆရာမကြီး၏သူငယ်ချင်းလည်းဖြစ်ပြီး မှန်သားတို့ကို မိတ်ကပ်လာပြင်ပေးသည့် အဒေါ်ကြီးပင်...
" ဘာလို့လဲ မှန်လေးရဲ့"
မှန်သားက ပန်းခတ်များဝန်ရံထားသည့် သူ့ဆံတုကြီးကို လက်ညှိုးလေးဖြင့်ထိုးပြလာရင်း
" ဒါတွေကိုဖြုတ်ရမယ်လေ လေးက လေးသနဲ့ လှဲချင်တာကို ဒါကြီးကြောင့်အဆင်မပြေဘူး "
မှန်သားက အလိုမကျဟန်ဖြင့် မျက်ခုံးလေးနှစ်ဖက်ကို တွန့်ချိုးထားရင်း ပြန်ဖြေလာ၏။
" ကဲ ကဲ လာ ရှေ့တိုး ကိုယ် ဖြည်ပေးမယ် "
" ဖြစ်လို့လား "
ဒီတစ်ခါလည်း မှန်သားက မယုံသလိုဟန်လေးဖြင့် မျက်လုံးလေးဝင့်ကြည့်ရင်း မေးလာပြန်၏။
" ဖြစ်သမှသိပ်ဖြစ် ဖျက်ရတာလေ ပြင်ရတာမှမဟုတ်ဘဲ "
" အင်း ဒါဆိုလည်း ဆံထုံးကြီးဖြည်ပေး "
မှန်လေးက သူ့အနားသို့ တိုးကပ်လာ၏။
နီးကပ်လာသော အနေအထားကြောင့် မှန်သားဆီမှ ကိုယ်သင်းရနံ့ သင်းသင်းလေးက သူ့နှာဝဆီ လာရောက်ကလူကျီစယ်၏။
" ဟေ့ ရွှေရိုး ဒေါ်မိုး ဘာလုပ်နေကြတာလဲ "
" မှန်လေးလေ ဆံထုံးတွေဖြုတ်ချင်လို့တဲ့ ဆရာ"
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...