Unicode
————ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
လေးလံနေတဲ့မျက်လုံးအစုံကိုဖြေးဖြေးခြင်းအားယူကာဖွင့်လိုက်တဲ့အချိန်သူအရှေ့မှာမြင်နေရသောချောမောလှပပြီးကျက်သေရေအဖြာဖြာနှင့်ပြည့်စုံတဲ့စွဲမက်ဖွယ်ရာမိန်းမလှလေးတစ်ယောက်ရဲ့မျက်နှာမြင်လိုက်ရတာကြောင့်ကြောင်အ စွာစိုက်ကြည့်နေမိတယ် အတွေးထဲမှာလည်း
( ဟင်??? ငါသေများသွားပြီလား?? နတ်သ္မီးတစ်ပါးလိုချောမောလှပနေတဲ့မိန်းကလေးကဘယ်သူလဲ?? တကယ် အရမ်းလှတာပဲ အရမ်းလည်းကြည့်ကောင်းတယ် အေးချမ်းတယ်လို့လဲခံစားရတယ် တ တကယ် တကယ်ပဲ ငါသေသွားတာများလား?? ဘာအတွက်ကြောင့်လဲ? ဘာကြောင့်ငါကသေသွားရမှာလဲ??...)
“ သား... ရှောင်ယန် သတိရလာပြီလား? ”
သူအတွေးပင်လယ်ထဲလက်ပစ်ကူးနေစဉ်မှာပဲ သာယာငြိမ့်ညောင်းတဲ့အနှီးမိန်းကလေးရဲ့စကားသံကြောင့်အသိပြန်ဝင်လာခဲ့တယ်
( သား??😳 သူ သူက ငါ့ကို ‘သား’လို့ခေါ်လိုက်တာလား!?? ဘာ ဘာကြောင့်လဲ? ဘာလို့အဲ့လိုခေါ်လိုက်တာလဲ???)
သူ မယုံကြည်နိုင်ခြင်းများစွာနဲ့စိတ်ထဲတွင်ရေရွတ်လိုက်မိသည်က ‘သား’တဲ့လား??
“ သား ရှောင်ယန် ဘယ်လိုနေသေးလဲ? အဆင်ပြေရဲ့လား? မား စိတ်ပူလိုက်ရတာ သားရယ် ”
(မား???😳သား???😳)
သူ့ကိုစိတ်ပူနေတဲ့မျက်နှာအမူအရာနဲ့စိုးရိမ်တကြီးမေးလာတာကြောင့် သူလဲအမြန်ပင်စကားပြန်လိုက်တယ်
“အော်...ဟုတ်ကဲ့ ကျွန်တော်အဆင်ပြေပါတယ်”
“ တကယ်ရောအဆင်ပြေရဲ့လား? သားရယ် ဒါမှမဟုတ် မား doctor ခေါ်လိုက်ရမလား? ”
“ အာာ...မဟုတ်တာပဲ ကျွန်တော်တကယ်အဆင်ပြေပါတယ် doctor ခေါ်ဖို့ထိတော့မလိုပါဘူး ”
“ ဟုတ်ပါပြီရှင်... ”
(ဒါ...ဒါဆိုငါမသေသေးဘူးပေါ့နော် ငါမသေသေးဘူးပေါ့ ဒါပေမဲ့ ငါ ငါ လုံးဝကိုနားမလည်တော့ဘူး ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ?? ဘာဆို ဘာမှကိုနားမလည်တော့ဘူး ငါမသေသေးဘူးဆိုရင် ဒါတွေကရောဘာတွေလဲ?? ဟူးးးးး ငါဘာမှကိုမသိတော့ဘူး...)
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...