ep(1)

267 16 12
                                    

Unicode #

ချွေးသံ တရွှဲရွှဲ နဲ့ တည်ကြည်ခိုင်မြဲ တစ်ယောက်ဗျာများနေရသည် ။ ကိုယ်ချစ်ရတဲ့သူက သန့်တာကိုကြိုက်လွန်းသည်ကို သိသည်တိုင်အောင် တည်ကြည် ဝါသနာပါသည့်ဘောလုံးကန်ခြင်းကိုတော့ မစွန့်လွှတ်နိုင်ပါ။ ယခုလဲ အံဝေ နှင့်ချိန်းထားချင်းဖြစ်သည်။ အံဖုန်းဝေက်ို သူပိုးပန်းနေသည်မှာ 1st year ထဲကဖြစ်ပြီး အခု 3rd year ထိ ၂နှစ်ကျော်ကြာခဲ့ပြီ။

အံဝေ မှာအသား ဖြူဖြူ အရပ်ရှည်ရှည် ထူထဲလှသည့် မျက်ခုံမွှေးများအောက်က နှာတံသွယ်သွယ်ကြောင့် ကျောင်းတွင်သူ့ကို မသ်ိတဲ့လူ မရှိသလောက်ပင်။ယောက်ျားလေးရော မိန်းကလေးရောကြားတွင် နာမည်ကြီးသူ တစ်ယောက်။ တည်ကြည် ကတော မဖြူမညို ပုံမှန် အသားရည်နှင့် 6' ဝန်းကျင် အရပ်အမောင်း ၊ကြည့်‌ကောင်းသော body structure ကိုပိုင်ဆိုင်ထားကာ ဘောလုံးဆို ထမင်းထက်မက်သော သာမန်ကောင်လေးပါ။

အံဝေမှ တစ်ခါတစ်လေ "ငါနဲ့ဘောလုံး ကိုဘယ်ဟာရွေးမလဲ" ဟုမေးသည့်တိုင်အောင်၊ ရွှတ်နှောက်နှောက်ပုံစံဖြစ် "ဘောလုံးပေါ့ မင်းကိုကဘာလုပ်ရမှာလဲ"ဟု စနှောက်စမြဲ။တကယ်တမ်း မှာတော့ အံဝေ ရော ဘောလုံး နှစ်ခုစလုံး တည်ကြည် အတွက် အရေးကြီးသောအရာများသာ။

ယနေ့ အံဝေ ချိန်းလိုက်သည်မှာ အဖြေပေးမည်ဟု တွေးထားခြင်းပါ။ထို့‌‌ကြောင့် သပ်သပ် ရပ်ရပ်လေးဝတ်လာဖို့နှင့် နောက်မကျဖို့ အတန်တန် မှာထားသည့်တိုင် ကိုတော်ချောကဘော ဝင်ကန်ဖြစ်အောင်ကန်နေ‌လေသည်။ဘောပွဲမှာ အချိန်ပ်ို ကန်နေရသောကြောင့်နဲနဲနောက်ကျနေသည်။ဘောလုံးကွင်းထဲကထွက်လာသည်နှင့် ချစ်ရသူထံ အချိန်မှီရောက်ဖို့အပြေးအလွှား သွားရသည်။ နောက်ကျနေပါက အံဝေ နှုတ်ခမ်းဆူ နေတော့မှာကိုသိသောကြောင့် ပတ်ဝန်းကျင်သို့ပင် သတိမထားမိပဲ ခပ်မြန်မြန် လေးလမ်းလျှောက်လာရာမှ Tပုံစံလမ်းခွ လေးတွင် မျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးတစ်ယောက်စီးလာသော စက်ဘီးနှင့်တိုက်မိမလိုဖြစ်ပါလေရော။

"ဟို.....တစ်နေရာရာများထိခိုက်မိသွားသေးလားဗျ၊ စက်ဘီးက ဘရိတ်မမိလို့ပါ တောင်းပန်ပါတယ်"
တည်ကြည်စိတ်တိုနေဖို့ အချိန်မရှိပါ။ အဲ့အစား အတွေးတစ်ခုက ခေါင်းထဲဝင် လာသည်..

You've reached the end of published parts.

⏰ Last updated: Aug 03, 2022 ⏰

Add this story to your Library to get notified about new parts!

နှောင်တွယ်ဖူးသောကြိုးသည်က  ဆွေး (On going)Where stories live. Discover now