❗️𝗧𝗵𝗶𝘀 𝗣𝗮𝗿𝘁 𝗖𝗼𝗻𝘁𝗮𝗶𝗻𝘀 𝗠𝗮𝘁𝘂𝗿𝗲 𝗦𝗲𝗻𝘀𝗲𝘀❗️𝖴𝗇𝗂𝖼𝗈𝖽𝖾
Build~
"ဒီနေ့Build ကို မှတ်မိအောင်လုပ်ပေးပါ့မယ်..Buildလဲ မှတ်မိချင်နေပြီ မဟုတ်လား၊ ကျွန်တော် ခေါ်ဆောင်သွားတာကို လိုက်ခဲ့ရုံပါဘဲ..မှတ်မိအောင်လုပ်ရအောင်"
"ငါမေးတာ အရင်ဖြေ!! မင်း ...မင်း က တကယ်ဘဲ ဘယ်သူလဲ.."
"အခုBuildသိချင်နေတဲ့ အဖြေကို မောင် သိအောင်လုပ်ပေးမယ်"
"မောင်!!" သံယောင် လိုက်သံ နဲ့ ပြောလိုက်မိတယ်။
"ဟုတ်တယ် Buildရဲ့နှစ်ယောက်မရှိတဲ့ မောင်"
"ငါ့ကို လွှတ်စမ်း..မဟုတ်ဘူး မင်း လျှောက်ပြောနေတာ"
"ဒါ စ စရာမှမဟုတ်ဘဲ"
"လျှာရိုးမရှိတဲ့ အတိုင်း စ ပြော စရာ မဟုတ်ဘူးနော် မဖြစ်နိုင်တာ ၊ဘာလို့ လဲ...ဘာလို့..မင်းမှာ ဘာလို့မှဲ့ က ရှိနေရတာလဲ မဟုတ်ဘူး..မဖြစ်နိုင်ဘူး"
"မောင့်ရဲ့ မှဲ့က မောင့်ဟာဘဲပေါ့ ၊ဘယ်သူ့ဟာ ဖြစ်နိုင်ဦးမှာလဲ"
Bible က စကားတခွန်းပြောတိုင်း ရှေ့တိုးလာလေ ငါက နောက်ဆုတ်လာလေဘဲ။ သူ့ကို ကြောက်လို့ နောက်ဆုတ်တာ မဟုတ်ဘဲ အယောင်အမှား ကြောင့် ဆန္ဒအရ ခြေလှမ်းတွေက နောက်ဆုတ်နေတာ။ Bible ရဲ့ နူတ်ဖျားကနေ ငါ့အတွက် စဉ်းစားရခက်တဲ့ စကားတွေ ထွက်လာတိုင်း ငါ တုန်လှုပ်လေဘဲ။ ငါ့ ပါးစပ်ကနေ ပြန်လည် တုံ့ပြန်ဖို့ စကားရှာမတွေ့ဘူးဖြစ်နေတယ်။ မောင့်ရဲ့ lineပရိုဖိုင်ပုံကို ငါအလွတ်ရတဲ့ အထိ ငါ ကြည့်ဖူးတယ်။ ကြည့်ကောင်းလွန်းတဲ့ နောက်ကျောပုံစံဟာ အခု ငါ့ရှေ့မှာ မျက်မြင်တွေ့နေရတဲ့ Bible ရဲ့ နောက်ကျော်နဲ့ တူလွန်းနေတာက ငါ့ကို လန့်စေတယ်။ မောင် နဲ့ငါက လိုင်းပေါ်မှာတွေ့ကြတဲ့ ချစ်သူတွေ လို ပြောကြတယ်။ ငါ့ဘက်က ဆက်သွယ်တိုင်း ၊အသံကြားချင်းလ်ို့ ဖုန်းဆက်ကြမယ်လို့ တောင်းဆိုတိုင်း ရှောင်ဖယ်တတ်တဲ့စကားတွေကိုငါ နားထဲ ပြန်ကြားယောင်လာတယ်။မောင်က နိုင်ငံခြားမှာ ပညာသွားသင်တယ် လေ ၊ဘယ်လိုလုပ် ဒီနိုင်ငံမှာ ရှိရမှာလဲ ။ အမှားကြီး မဟုတ်လား။ တယောက်ယောက် ငါ့ကို လှည့်စားနေတာ ၊ဒါမှမဟုတ် ငါ ကြောင်တောင်တောင်အိမ်မက်မက်နေတာဘဲ ဖြစ်မှာ။ သေချာတယ် Bible က ငါ့ရဲ့ မောင် မဖြစ်နိုင်ဘူး။ ဖြစ်မယ်ဆိုရင်တောင် သူ က ငါ့ရဲ့ ရည်းစားပါလို့ ပြော ရမှာပေါ့။ငါ တလောက မောင့်ကို ဖုန်းခေါ်တုန်းက ဘေးနားမှာ Bible လဲရှိနေခဲ့တယ်လေ ၊အဟား..ပိုလို့တောင် မဖြစ်နိုင်ဘူး ။Bible မှာလဲ ချစ်သူရှိတာ မို့လို့ အခု ငါ နေ့ခင်း ကြောင်တောင် မကောင်းတဲ့ အိမ်မက် မက်နေတာဘဲဖြစ်ရမယ်။