No Need Except You ~♡

576 65 6
                                    

Unicode

" ဟာရူတို မင်းကိုငါ ဒီတစ်ခါတစ်ကယ်ကို
စိတ်ဆိုးတယ် "

အလိုမကျသော လေသံဖြင့် ဂျွန်ကယူတစ်ယောက်ပြောနေခြင်း။ ချစ်စရာကောင်းတဲ့ မက်မွန်သီးရောင်မျက်နှာလေးက ခုတော့ ဒေါသတွေတစ်လိပ်”တက်နေတာကြောင့် စတော်ဘယ်ရီသီးလို နီရဲနေလေသည်။

" ကိုကို ကလဲ မောင် ကဘာလုပ်နေလို့လဲ အဲ့မိန်းကလေးက မောင့်အနား အတင်းလာကပ်တာလေကွာ"

ဂျွန်ဂယူတစ်ယောက် ရူတိုရဲ့သင်တန်းကို လိုက်သွားပြီး မြင်တွေ့လာခဲ့ရတဲ့ မြင်ကွင်းကြောင့် ဒေါသထွက်ကာ ပြောဆိုနေသည်။

" မင်းဖယ်လိုက်လို့ရရဲ့သားနဲ့လေ မင်းက ဘာဖြစ်လို့ငြိမ်နေရတာလဲ"

" ဟာဗျာ... ကိုကိုကလဲ သူက ကျွန်တော့်ရင်ဘတ်ပေါ်မှာ ဆံပင်ကပ်နေတယ်ဆိုပြီး လုပ်ပေးလို့ ရုတ်တရုတ်ဆိုတော့ ကျွန်တော်လဲ ကြောင်ပြီးငြိမ်နေလိုက်မိတာ"

ဂျွန်ဂယူကသာ ဒေါသတွေထွက်နေပေမယ့် ရူတိုကတော့ အေး”ဆေး” ကုတင်ပေါ်ထိုင်ပြီး ရှင်းပြနေသည်။

ဟာရူတို ဟာရူတို မင်းကတော့လေ ကန်ရေပြင်လို ငြိမ်သက်နေလိုက်တာ ငါတစ်ယောက်ပဲ လှိုင်းထန်နေ တဲ့ ပင်လယ်ပြင်လို ဖြစ်နေရတယ်။

တကယ်ဆိုရင် မင်းက အတင်းလိုက်ကပ်ပြီးချော့နေရမှာလေ ဒီကိစ္စကအဲ့လောက်ကြီးထိ အထင်လွဲစရာဟုတ်မနေပေမယ့်ပေါ့။

အချစ်တွေနဲ့ ပြည့်နှက်ပြီး နွေးထွေးတဲ့ သူတို့ရဲ့အိပ်ခန်းလေးက အခုတော့ ရူတိုရှေ့မှာ ဒေါသတွေထွက်နေတဲ့ စတော်ဘယ်ရီလုံးလေးကြောင့် လေထုတွေက အေးစက်လျက်။ ရူတိုကတော့ စိတ်မရှုပ်နိုင်ဘဲ နှုတ်ခမ်းလေးဆူကာ စိတ်ဆိုးနေတဲ့ အချစ်ကလေးကို အသဲယားလို့နေတယ်။

တစ်ကယ်ပါကွာ သဝန်တိုနေတာလေးကအစ ချစ်ဖို့ကောင်းလိုက်တာ မောင်ကတော့ မောင့်စတော်ဘယ်ရီလုံးလေးကို ကိုက်စားပစ်လိုက်ချင်တယ်

" ငါဒီလောက်ပြောဆိုနေတာတောင် မင်းက မှိုရတဲ့မျက်နှာနဲ့ အိုးး... ဟာရူတို မင်းငါ့ကိုတစ်ကယ်အလေးမထားတော့ဘူးပဲ"

No Need Except You ~♡ (oneshot)Where stories live. Discover now