Zawgyi :
မင်းသမီးလီဆာ ဦးဆောင်ပြီး သိမ်းယူခဲ့သည့်နယ်မြေတွေဟာ တစ်စထက်တစ်စကျယ်ပြန့်လာသလို လီဆာ့ ဂုဏ်သတင်းကလဲ တစ်စတစ်စကြီးထွားလာခဲ့ပြီး လီဆာသည် အင်ပါယာတစ်ခုကို အခြေတည်နိုင်လောက်အောင်မြင်နေသည့် စစ်ဘုရင်တစ်ပါးကဲ့သို့ဖြစ်နေပြီဖြစ်သည်။
မင်းသမီးလီဆာထံမှ စစ်ကြေညာစာရောက်ရှိလာသည့်နယ်မြေသည် ကျိန်းသေပေါက် မင်းသမီးလီဆာ လက်အောက်ရောက်ကြရသည်မို့ အချို့သော နယ်စား မြို့စား မြို့တော်ဝန်တို့က စစ်ကြေညာစာ ရောက်မလာခင် လီယန်းလက်အောက်ကို ခိုဝင်ချင်ကြောင်း ပဏ္ဍာများနဲ့ ဆက်သားများ စေလွှတ်တတ်ကြ၏။
အကြီးအကဲများမှ ဆက်သားစေလွှတ်တိုင်းလဲ ၄င်းတို့၏ မြို့စားသမီး မြို့တော်ဝန်သမီး နိုင်ငံငယ်များရဲ့ မင်းသမီး များကို ဆက်သားအဖြစ် စေလွှတ်တတ်ကြသည်။
မင်းသမီး လီဆာက အမျိုးသားများကိုစိတ်မ၀င်စားပဲ အမျိုးသမီးတစ်ဦးကိုသာ စိတ်ဝင်စားခဲ့ဖူးကြောင်းကို သိရှိကြပြီးနောက်မှာ မြို့တော်ဝန်များ နိုင်ငံငယ်များရဲ့မင်းကြီးများက ၄င်းတို့ သမီးများထဲက အလှဆုံး အချောဆုံးများကို မင်းသမီးလီဆာ မျက်စိရှေ့ကို ရောက်အောင်ပို့တတ်ကြတာမို့ အချို့က စိတ်မပါစွာနဲ့ ရောက်လာတတ်ကြပြီး မင်းသမီးလီဆာကို မြင်ပြီးချိန်မှာ သဘောကျ တပ်မက်သွားတတ်ကြ၏။
" မင်းသမီး ဒီနေ့လဲ လက်နက်ချခိုလှုံလာတဲ့ ဆက်သားတွေရောက်ရှိပါတယ် "
" ဘယ်နှယောက်လဲ အရင်အတိုင်းပဲလား "
" လေးယောက်ပါ မင်းသမီး အရင်တိုင်းတော့မဟုတ်ပါဘူး "
" ဘာကလဲ "
" လေးယောက်မှာ ကျန်တဲ့သုံးယောက်က မိန်းကလေးတွေပေမဲ့ တစ်ယောက်က ယောက်ျားလေးတစ်ယောက်ပါ ဒါပေမဲ့ "
" ဒါပေမဲ့ ဘာလဲ "
" ဒါပေမဲ့ သူက မင်းသမီးတစ်ပါးလို ၀တ်စားဆင်ယင်ထားပါတယ် "
" ဘယ်လို "
ကိုယ်ရံတော်ရဲ့စကားကိုကြားပြီး အတွေးများသွားတာမို့ ဆက်သားတွေကိုစောင့်ခိုင်းထားသည့် ဧည့်သည်ဆောင်ကိုသာ လီဆာထသွားလိုက်သည်။
YOU ARE READING
Kryptonite(You will never be my 'kryptonite' )
RomanceUnicoe : မင်းက ငါရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး .. Zawgyi : မင်းက ငါ့ရဲ့အားနည်းချက် ဘယ်တော့မှမဖြစ်စေရဘူး ..