"ကို မိန်းကိုချစ်လားပြော"
"ချစ်တာပေါ့မိန်းရာ မိန်းထင်တာထပ်ကိုပိုချစ်တယ်"
"တကယ်လား? အဲ့ဒါဆိုယူစို့ မိန်းအတူနေချင်ပြီ"
"ကို့လက်ထဲ ပိုက်ဆံမရှိသေးဘူးလေ ပြီးရင်ကိုတို့အိမ်ကမပြေလည်ဘူးမိန်း ကိုယ်ပိုက်ဆံအရင်ရှာမယ် ပြီးရင်မိန်းကိုလက်ထပ်မယ် ခမ်းနားကြီးကျယ်စွာနဲ့တောင်ရမ်းယူမယ်မိန်းကို"
"မိန်းက ပိုက်ဆံမက်နေလို့လား မရဘူး အခုတစ်ခါထဲခိုးပြေး မိန်းလိုက်ရဲတယ် "
"မလိုက်နဲ့မိန်း ကို မခေါ်ဘူး အခုအနေအထားနဲ့ကို့ဘဝထဲမိန်းကိုမခေါ်ရက်ဘူး မိန်းလည်းကို့နောက်မလိုက်ရဘူး "
မိန်းကိုမင်းဒီပါအသက်တမျှချစ်မြတ်နိုးရပါသည် မိန်းနဲ့တွဲလာတဲ့တစ်လျှောက် anniversary နေ့တွေတိုင်း ဘာပစ္စည်းဝယ်ပေးပါဆိုပြီး ပူဆာခဲ့တာတစ်ခုမှမရှိ ဝယ်ပေးချင်တာပေါ့ကိုယ့်မိန်းကလေးကို ဒီနှစ်တွေထဲ လက်ထပ်ဖို့ပိုက်ဆံအသဲအသန်ရှာခဲ့တယ် အလုပ်မရွေးလုပ်ကိုင်ခဲ့တယ် အားလုံးအရှုံးဘက်တွေနဲ့ပဲရင်ဆိုင်နေရတယ် ဒီလိုအနေအထားနဲ့ မိန်းကိုဘယ်လိုလုပ်ပြီး ကို့ဘဝထဲခေါ်ထားရက်မှာလဲ
မိန်းက တကယ့်ကိုကလေးလေးတစ်ယောက်လိုဖြူစင်လွန်းလှသည် လောကကြီးအကြောင်းဘာမှရေရေရာရာမသိ ပိုက်ဆံမရှိလျှင် အနှိမ်ခံရသည့်လောကကြီးကို မိန်းကိုရင်မဆိုင်စေလိုပေ သူတတ်နိုင်သမျှ ပြည့်စုံအောင်ထားမည် မိန်းတို့၏မိဘတွေက အငယ်ဆုံးသမီးမို့ တအားအလိုလိုက်ထားကြသည် မိန်းရဲ့မိဘတွေထပ်သာအောင်မထားနိုင်ရင်တောင် မိန်းရဲ့မိဘတွေလောက်မိန်းကိုထားမည် အခုလိုအရာရာအနုတ်ပြနေတဲ့သူ့ဘဝထဲသို့ မိန်းကိုမခေါ်ရက်ပေ"မသိဘူး လာမပြောနဲ့ တကယ်မချစ်လို့ မခိုးပြေးတာမလား သူများတွေပြောတာကြားဖူးတယ် တကယ်ချစ်တဲ့သူတွေက ဘယ်လိုအခြေအနေပဲရှိရှိ ယူရဲတယ်တဲ့ အခုက မိန်းကခိုးပါဆိုတာတောင် အချစ်က မခိုးဘူးဆိုတော့ အဲ့ဒါမချစ်လို့မလား ဘာလဲအသစ်တွေ့နေလို့လား"
"မိန်းရာ အဲ့လိုတွေလျှောက်မတွေးပါနဲ့ မိန်း ကိုတကယ်ချစ်တာပါ တကယ်ကိုမြတ်နိုးလွန်းလို့ "