"တော်ပြီ ရွာထဲပြန်သွားမယ် ညနေစောင်းရင် သူကြီးအိမ်သွားရအုံးမှာ"
"အင်းပါ ကိုယ်လဲလိုက်မယ်နော်"
"လိုက်ရမှာ ခင်ဗျားဒီမှာ ခဏနေမယ်ဆိုလို့ သွားပြောရမှာ"
"ခင်ဗျား ခင်ဗျားလို့မခေါ်ပါနဲ့ကွာ အရင်လို ကိုကိုရေလို့ခေါ်ပါလား"
"မခေါ်ပါဘူး"
"ခေါ်ပါ ကိုကိုရေ မပြန်ပါနဲ့လားဆိုပြီး ရင်ဘတ်လေးထုနှုတ်ခမ်းလေးဆူပြီးပြေလိုက်ပါလား"
"အဲ့တာကျုပ်စတိုင်မဟုတ်ဘူးဗျ"
"မခေါ်ချင်တော့လဲမတတ်နိုင်ဘူးပေါ့ ဒီလူရင်ထဲ အသည်းနှလုံးတွေ ဝမ်းနည်းကုန်ပြီ"
"သေလိုက်တော့"
"ကြင်နာလိုက်တဲ့စကားလေးကွာ ဟားဟား"
"ခင်ဗျားရေအရင်ချိုးလိုက် ကျုပ်ရေခပ်ပေးထားတယ်"
"ကိုယ်ခပ်တတ်ပါတယ်"
"အမလေး သူေဌးသား ခင်ဗျားတို့အိမ်မှာလိုမော်တာတပ်မောင်းတာမဟုတ်ဖူး"
"ရေတွင်းကရေဆွဲရတာဗျ ခင်ဗျားဆွဲနိုင်လို့လား အခုမှကွာမှာနေဖူးပြီး စကားကြီးစကားကျယ်လေကျယ်မနေနဲ့"
"စကားကြီးစကားကျယ်မပြောပါဘူးကွာ မင်းလေးရေဆွဲရတာပင်ပန်းမှာဆိုးလို့ပြောတာပါ"
"နောက်ကျကိုယ့်ကိုပြထားတာလေ ကိုယ်ရေချိုးဖို့တော့ဆွဲမှာပါ"
"ပြီးရော ရေသွားချိုးချည်"
"ကျုပ်ဟင်းနွေးအုံးမယ်"
"အင်းအင်း"
အိမ်နောက်ဖေးသွားတော့ ရေကန်ငယ်လေးတစ်ခုရှိသည် ၊ သူ့အတွက်ပင်ပန်းခံရေဆွဲပေးထားတယ်ဆိုတော့ ပီတိဖြစ်မိသား ၊ တောရွာလေးက အေးချမ်းတယ် ၊ ဒီလိုတစ်ခါမှမနေဖူးပေမယ့် ပူတူးကြောင့်သာ သည်းခံနေရတာ wifiလဲမရ ဖုန်းတိုင်တော့တက်ပါတယ် မာမီနဲ့ဒယ်ဒီဆီ နေ့တိုင်းဖုန်းဆက်ဖြစ်တယ် ။
သမက်ကလေးအားရင် ရန်ကုန်ခေါ်ခဲ့ပါတဲ့ မြင်ဖူးချင်ပါတယ်တဲ့ဗျာ ၊ ဟင်းကောင်းတွေချက်ကျွေးပြီး Shoppingထွက်မလို့တဲ့ မာမီကသူ့သားရင်းကိုမေ့ပြီး သမက်ကလေးကိုပိုချစ်နေတာ။
YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romanceဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်