II

774 124 18
                                    

စိတ်ဆိုး၍ကားတံခါးအားစောင့်ပိတ်လိုက်
ပြီးမျက်နှာလွဲ၌ထိုင်နေသောသော
သားတော်မောင်ကြောင့် ရယ်မိသွားသည်။
ကားသမားအားသေချာလိုက်ပိုပေးရန်မှာပြီး
Taehyungကိုခေါ်ကာသူလည်းပြန်ခဲ့သည်။

ကားပေါ်ရောက်တော့ တစ်လမ်းလုံးငြိမ်လာရာက
မီပွိုင့်လေးမိမှ နောက်ခန်းကနေ အသံလေးထွက်
လာသည်။

" ဦးလေးကြီးက Appa ဆီမှာအလုပ်လုပ်တာလား "

" အွန်းးး "

" ဒီနေ့မှစလုပ်တာလား "

" ဟုတ်တယ်လို့ပြောရမလား
ဦးလေးက အရင်ထဲက မင်းအဖေဆီမှာ
လုပ်ဖူးတယ် ...ဦးလေးလက်ထပ်လိုက်ပြီး
Jungkookie မွေးမှ အလုပ်ထွက်လိုက်တာ
အခု မင်းအဖေနဲ့ပြန်ဆက်သွယ်ရလို့
အလုပ်ပြန်ရတာ "

ပိုစိတ်ဝင်စားသွားဟန် ကားနောက်ခန်းကနေ
ရှေ့ခန်းကိုကျော်ခွလာကာ ဘေးကခုံမှာလာထိုင်သည့်
Taehyungအား ခါးပတ်သေခါပတ်ပေးလိုက်သည်။

" ဒါဆို ဦးလေးနဲ့ Appa ကရင်းနှီးတာပေါ့ "

" အင်းပေါ့ "

"အာ...ဒါကြောင့်ကျွန်တော့်ကိုသိတာပေါ့
ဦးလေးကြီးနာမည်ကရော ဘာလဲဟင် "

" ဂျွန်ယောင်ဆွန်း ပါ "

" ဦးလေးဆွန်းက Jungkookကို
တတော်ချစ်တာဘဲနော် ကျွန်တော်လည်း...
ဦးလေးဆွန်းလို အဖေမျိုးလိုချင်တယ်...
အမှန်တိုင်းပြောရရင် ကျွန်တော် Jungkook
ကိုမနာလိုဘူး ... သူ့မှာ သူ့ကိုအရမ်းချစ်တဲ့
ဦးလေးဆွန်းရှိတယ် ... ကျွန်တော့်မှာက...
အဲ့လိုမရှိဘူး "

စကားတွေအများကြီးပြောကာ ရင်ဖွင့်နေသော
ကလေးငယ် ခေါင်းလေးအားသူဖွပစ်လိုက်သည်။
လူကောင်သေးသေးလေးနဲ့ဒီကလေးအတွေးတွေ
အများကြီး တွေးနေတာဘဲ

" အဲ့လိုမတွေးရဘူးလေ ... မင်းအဖေကလည်း
မင်းကိုချစ်ပါတယ်...ဘယ်မိဘကမှသားသမီးကို
မချစ်ဘူးဆိုတာမရှိပါဘူးကွာ...ဒါတွေးဖို့အရမ်း
ငယ်နေသေးတယ် "

ဦးလေးဆွန်းပြောတာတွေကိုသူလက်မခံ
ချင်သေးပါ ထပ်ပြီးတော့လည်းမငြင်းချင်
တော့သည်မို့ တိတ်တိတ်ကလေးဘဲလိုက်လာ
လိုက်လာသည်။ တစ်ကယ်တော့ Appa
ကသူ့ကိုမချစ်ပါဘူး

𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-Where stories live. Discover now