Unicode
119. မိဘတွေရဲ့ လျှပ်တပြတ်စစ်ဆေးမှု ရှေ့ပြး
ဟန်ချောင်:!!!
ဟန်ချောင်ရဲ့ အိပ်ချင်မူးတူးအခြေအနေက ချက်ချင်းပြေပျောက်သွားကာ တစ်ကိုယ်လုံးနိုးကြားလာရတယ်။
"ကျွန်တော် တစ်ယောက်တည်းပဲ!"
"မင်း ခုနက ဘယ်သူ့ကို စကားပြောနေတာလဲ"
"ကျွန်တော် ဘယ်တုန်းက စကားပြောလို့လဲ .. ကျွန်တော်ပြောတာကြားလို့လား"
ဟန်ချောင် ဝန်ခံဖို့ငြင်းလိုက်ပြန်တယ်။ဟန်ယွီ ခေါင်းညိတ်လိုက်တယ်။
"အိုခေ.. ငါနားကြားမှားတာဖြစ်မယ်"
သူ နာရီကိုငုံ့ကြည့်လိုက်တယ်။
"အခု (9:30)ရှိပြီ.. မတော်တဆတစ်ခုခုမရှိခဲ့ရင် မင်းရဲ့ချစ်လှစွာသောအမေနဲ့ ငါက မင်းရဲ့တံခါးရှေ့မှာပေါ်လာလိမ့်မယ်.. မင်း အဆင်သင့်ဖြစ်နေဖို့မျှော်လင့်ပါတယ်.. မင်းရဲ့မျက်နှာကို ပြီးအောင်ဆေးကြောထားလိုက်"
ဟန်ချောင်:???
"ကောဘာပြောတာလဲ?!"
"မင်းရဲ့ချစ်လှစွာသော အမေက မင်းရဲ့ ၂၆နှစ်မွေးနေ့အတွက် သက်ရှည်ခေါက်ဆွဲတစ်ပန်းကန်ကို အချစ်တွေအပြည့်နဲ့လုပ်ပေးချင်နေတယ်.. ငါ မင်းကိုကြိုပြီး သတင်းပေးတာ .. တစ်ခုခုဖြစ်လာမှ မင်းရဲ့ကောကောကို ဘာမှမကူညီပေးဘူးဆိုပြီးမပြောနဲ့"
"ကျွန်တော် ဒီမှာမရှိဘူး မလာနဲ့လို့ပြောပေးဦး!"
"မလုပ်နိုင်ဘူး"
ဟန်ယွီ ငြင်းလိုက်တယ်။
"ဘာလို့လဲ"
"ငါ့ရဲ့အကြားအာရုံက ပြသနာရှိနေပုံပဲ.. မင်းပြောလိုက်တာကို သိပ်မကြားရဘူး"
ဟန်ချောင်:...
"ကျွန်တော် မှားသွားပါတယ်"
ဟန်ချောင်က အလွန်ပဲ ကွေးလွယ်ဆန့်လွယ်တယ်။
"ကောရဲ့ သနားစရာတိတိကို အဲဒီအချိန်ကျ အရှက်ရအောင်မလုပ်ပါနဲ့..မားကိုသွားပြောပေးပါဦး.. ကျွန်တော် ဒီနေ့အိမ်မှာမရှိဘူး နောက်နေ့မှလာခဲ့ပေးပါလို့ ဟုတ်ပြီလား"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Фэнтези_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer